Photo - Thai PSB World
အဲ့ဒီဘတ်ငွေ ၄ ဘီလျံကို ချေးပေးခဲ့ရာမှာ အတိုးနှုန်း သက်သက်သာသာနဲ့ ၃ ရာခိုင်နှုန်းသာ ယူခဲ့တာ၊ ချေးပေးတဲ့ ငွေတွေနဲ့ သူ့ရဲ့မိသားစုပိုင် Shin Satellite ကုမ္ပဏီကနေ ဆက်သွယ်ရေးပစ္စည်းတွေ ပြန်ဝယ်စေခဲ့တာတွေအတွက် ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ Thai PSB သတင်းမှာဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကတော့ နိုင်ငံခြားကိုထွက်ပြေးတိမ်းရှောင်နေတာကြာခဲ့ပြီမို့ မျက်ကွယ်အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံကို ငွေချေးပေးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီအမှုကို ၁၀ နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှသာ အမိန့်ချနိုင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းဘတ်ငွေ ၄ ဘီလျံကို အတိုးနှုန်းချိုချိုသာသာနဲ့ ချေးပေးလိုက်တာဟာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနအတွက် ဘတ်ငွေ ၁၈၉၁၂၅၀၀၀ ကျော်နစ်နာဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။ သက်ဆင်ဟာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် အတွင်း အာဏာအလွဲသုံးစားလုပ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ပြီး သူ့ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ထောင် ၂ နှစ် အမိန့်ချခဲ့ပါတယ်။ အဲ့ဒီအချိန်က အာမခံနဲ့ ပြင်ပမှာ ရှိနေတဲ့ သက်ဆင်ဟာ အဲ့ဒီစီရင်ချက်ကို ဗဟိုတရားရုံးက အတည်မပြုမီ အချိန်အနည်းငယ်အလိုမှာ နိုင်ငံကနေ ထွက်သွားခဲ့ပါတယ်။