ခွေးရူးရောဂါကာကွယ်ဆေး ၁၅ ဘီလျံဖိုးလောက်ဝယ်ထားရပါတယ်။

ခွေးရူးအကိုက်ခံရပြီး ကာကွယ်ဆေးကို မထိုးနိုင်ပါက သေဆုံးဖို့ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။

မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရမှုနှုန်းထားတွေ မြင့်တက်လာနေတာကြောင့်ယခုစိုးရလက်ထက်မှာ ခွေးရူးရောဂါ ကာကွယ်ဆေးတွေအတွက် ကျပ် ၁၅ ဘီလျံလောက်သုံးစွဲနေရတယ်လို့ ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။



ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်းရဲ့ ခွေးရူးရောဂါ ကာကွယ်တားစီးရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ခွေးကိုက်မှုနှုန်းတွေဟာ ၂၀၁၇ ခုနှစ်တွင် ကိုက်ခံရတဲ့ လူပေါင်း ၁၈၀၀၀၀ ဦးရှိခဲ့ပြီး တစ်လကို ၁၅၀၀၀ ဦးအကိုက်ခံရပေမယ့် ၂၀၁၈ ခုနှစ်မှာ ခွေးကိုက်ခံရသူပေါင်း ၁၉၂၀၀၀ ဦးကျော်ရှိခဲ့တဲ့အတွက် တစ်လ ကို ၁၆၀၀၀ ဦးလောက် အကိုက်ခံပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ခြောက်လအတွင်း ၆၀၀၀၀ ဦး အကိုက်ခံရပြီး တစ်လကို ၁၂၀၀၀ ဦးလောက် အကိုက်ခံနေရတယ်လို့ဆိုပါတယ်။ တကယ်သာခွေးရူးကိုက်ပြီး ကာကွယ်ဆေးကိုမထိုးနိုင်ဘူးဆိုရင် သေဆုံးဖို့ ၁၀၀ ရာခိုင်နှုန်း လောက်ရှိတာကြောင့် ခွေးကိုက်ရင် ခွေးရူး ဟုတ်၊ မဟုတ်ကြိုမသိနိုင်တာကြောင့် ခွေးကိုက်ခံရသူတိုင်းကိုဆေးထိုးပေးရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ၂၀၁၆-၁၇ ခုနှစ်ကနေ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ထိ Anti-rabies vaccine ၁၃.၇၂ ဘီလီယံဖိုးနဲ့ အလွန်အန္တရာယ်ရှိတဲ့ အဆင့် (၃) တွင် အကိုက်ခံရသူတွေအတွက် Rabies immunoglobulin ထိုးဆေး ၁.၂ ဘီလီယံဖိုးလောက်ဝယ်ယူသုံးစွဲထားရတယ်လို့ ဝန်ကြီးကပြောပါတယ်။ Rabies Vaccine တစ်လုံးရဲ့ ဈေးနှုန်းဟာ ၈၀၀၀ ကျော် ကုန်ကျပြီး Intramuscular အသားထဲထိုးရင် လေးလုံးကုန်တာကြောင့် ကျပ် ၃၂၀၀၀ လောက်ကုန်ကျပါတယ်။

Rabies Immunoglobulin ဆေးထိုးရင်လည်း တစ်လုံးကို ၁၆၅၀၀ ကျပ်ကျသင့်ပြီး ခန္ဓာကိုယ်အလေးချိန် (Body Weight)ပေါ်တွင် မူတည်ပြီး ထိုးရတာကြောင့် ငွေကုန်ကြေးကျများတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဘာသာရေးအရ ခွေးသတ်ရန် အားမပေးသလို ခွေးချစ်သူများ အသင်းတွေလည်းရှိနေတဲ့အတွက် တတ်နိုင်သမျှ ညှိနှိုင်း၊ စည်းရုံး၊ ပညာပေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ခွေးအရည်အတွက်စစ်တမ်းအရ ပိုင်ရှင်ရှိခွေးမှာ လေးသန်း၊ ပိုင်ရှင်မဲ့ ခွေးမှာ နှစ်သန်းကျော်ရှိနေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က