Photo - Nyaunt Aung
ဒါဟာ နိုင်ငံတော်ရဲ့ ပြဿနာအသွင်ဖြစ်နေပြီး အရက်သောက်မှုတွေကြောင့် ရောဂါ့ဖစ်ပွားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ယာဉ်မတော်တဆမှုတွေပိုပြီးဖြစ်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံပိုင်သတင်းဌာနကိုပြောကြားထားပါတယ်။
အရက် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွဖြစ်တဲ့ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။
အရက်စွဲဝေဒနာနဲ့ပတ်သက်ပြီး သုတေသနပညာရှင်တွေရဲ့ လေ့ လာချက်အရ အရက်တစ်မျိုးမျိုး၊ အထူးသဖြင့် အရက်အပြင်းစား (ရမ်၊ ဝီစကီ၊ ဂျင်၊ အရက် ဖြူ) တွေကို နေ့စဉ် ငါးပက်မှ ခုနစ်ပက်အထိ သောက်သုံးရင် သီတင်းပတ် ၃ ပတ်အတွင်း အရက်စွဲနိုင်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အရက်စွဲရောဂါ ဖြစ်နေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနဲ့ကျန်းမာရေးဌာနတွေမှာ ဆောလျင်စွာပြသပြီး စနစ်တကျ ကုသမှုခံယူကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။