သူ့ကို လာကမ်းလှမ်းရင်လည်း ရိုက်သွားမှာပါတဲ့။

ညိမ်းသော်က Boy Lover ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး လာကမ်းလှမ်းမယ်ဆိုရင် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း Boy Lover ဇာတ်ကားတွေရိုက်စေချင်တယ်လို့ သူကပြောပါတယ်။

Photo: Nyein Thaw



သရုပ်ဆောင် ညိမ်းသော်ကတော့ လက်ရှိမှာ မိန်းကလေးအများစုရဲ့ အားပေးလက်ခံမှုကို ရရှိထားတဲ့ မင်းသားချောလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်နေရသူပါ။ ညိမ်းသော်အနေနဲ့ Boy Lover ဇာတ်ကားတွေ ရိုက်ခွင့်ရလာမယ် ဆိုရင်လည်း ရိုက်ကူးသွားမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’အဓိက ကတော့ ဇာတ်ကောင်တစ်ခု ရရင်ရိုက်မယ်။ အဓိကက ဇာတ်လမ်းထဲမှာ ဇာတ်ကောင်က အံဝင်ဂွင်ကျဖြစ်သွားရင် ပရိသတ်က အားပေးမှာပဲ။ ပရိသတ်တွေကလည်း အရာအားလုံးကို သူတို့ နားလည်နေပြီ၊ သိနေပြီဆိုတော့ သူတို့လည်း ကြိုက်တယ်၊ ကျွန်တော်နဲ့လည်း လိုက်ဖက်တဲ့ ဇာတ်ရုပ်တွေဆိုရင်တော့ ရိုက်ဖြစ်မှာပေါ့’’ ဆိုပြီးတော့ အဆောင် ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nyein Thaw

မြန်မာနိုင်ငံမှာလည်း Boy Lover ဇာတ်လမ်းတွဲတွေ ရိုက်ကူးမယ့် အကြောင်းတွေ ကြားမိတယ်လို့ ညိမ်းသော်က ပြောပါတယ်။ ရိုက်စေချင်တယ်လို့လည်း သူ့ရဲ့ ဆန္ဒကို ပြောပြလာပါသေးတယ်။

‘’ ရိုက်မယ်ဆိုပြီးတော့ ကြားမိတယ်၊ ဒါပေမယ့် ပျက်ပျက်သွားတယ်ပေါ့။ ကျွန်တော်ကတော့ ရိုက်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာပြည့်မှာ ဒါတွေ မရှိသေးဘူး။ MTV လောက်ပဲ တွေ့ဖူးမယ်ထင်ပါတယ်။ ရိုက်မယ်ဆိုရင်လည်း သူတို့ ဘာကိုလိုချင်တာလဲ၊ ဘာသင်ခန်းစာပေးချင်တာလဲ ဆိုတာကိုတော့ ရွေးရမှာပေါ့’’ လို့ သူက ဆိုပါတယ်။

Photo: Nyein Thaw

ညိမ်းသော်က Boy Lover ဇာတ်လမ်းတွေဟာ မြန်မာနိုင်ငံက ပရိသတ် တော်တော်များများ နားလည်မပေးနိုင်ကြသေးဘူးလို့ ဆိုပါတယ်။

‘’တချို့ကျတော့လည်း ဒီဟာကြီးကို နားမလည်ပေးနိုင်ဘူး၊ ဒါတွေ မရှိရဘူးဆိုပြီးတော့ တစ်ယူသန်တွေပေါ့။ တချို့ကတော့ လက်ခံတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ပွဲကြည့် ပရိသတ်ပေါ့။ ကျွန်တော် ကြည့်ဖြစ်တဲ့ တချို့ဇာတ်ကားတွေမှာဆိုရင်လည်း ဇာတ်လမ်းဇာတ်ကွက် တချို့တွေပါတယ်။ ကြည့်ရတာလည်း အဆင်တော့ ပြေပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Nyein Thaw

ညိမ်းသော်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂျေဒိုးနပ် မုန့်ကြော်ငြာကနေစပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေရပြီဖြစ်သလို မိန်းကလေး ပရိသတ်များစွာတို့ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က