ဒုတိယ သမ္မတကပြောဆိုလိုက်တာပါ။
မြန်မာပိုင် ဂြိုဟ်တုဖြစ်တဲ့ Myanmar Sat-2 ဂြိုဟ်တုကို လာမယ့် ဇွန်လအတွင်း လွှတ်တင်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

Photo - WIKIPEDIA



ဧပြီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ဒုုတိယသမ္မတဦးမြင့်ဆွေက ပြောခဲ့တာကို နိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြပါတယ်။

အဆိုပါ Myanmar Sat-2 ဂြိုဟ်တုဟာ အမေရိကန်ဒေါ်လာ ၁၅၅ သန်းကုန်ကျပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့က အချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။

ထိုဂြိုလ်တုမှာ မြန်မာနိုင်ငံအနေနဲ့ C-Band ခြောက်ခုအတွက်လိုင်း အင်အားပေါင်း 432 MHz, Ku Band ခြောက်ခုအတွက် လိုင်းအင်အားပေါင်း 432MHz စုစုပေါင်းလိုင်းအင်အား 864MHz ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း လွှတ်တင်ပြီးသွားရင် စက်တင်ဘာလအတွင်းမှာ ဝန်ဆောင်မှုတွေ စတင်ရရှိမယ့် Myanmar Sat-2 ကို ထိရောက်အကျိုး ရှိစွာ အသုံးပြုနိုင်ရေးအတွက်လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ Myanmar Sat-1 ဂြိုလ်တုကို ကွန်ဒိုစနစ်လိုမျိုး အခန်းတွေငှားရမ်းပြီး အသုံးပြုလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးဆပ်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် Space Agency ဖွဲ့စည်းဆောင်ရွက်ရေး အကောင် အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က