တိုက်တေနီယမ်နဲ့ Ceramic မော်ဒယ်နှစ်မျိုးနဲ့ ရောင်းချသွားမှာပါ

Hublot ဟာ ဒေါ်လာ ၅၈၀၀ အထိ ကျသင့်မယ့် တန်ဖိုးကြီးစမတ်နာရီသစ်ကို ဈေးကွက်ထဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


Hublot Big Bang e ဟာ Wear OS သုံး high-end စမတ်နာရီ ဖြစ်ပြီး တိုက်တေနီယံနဲ့ အနက်ရောင်ကြွေ Ceramic နှစ်မျိုးနဲ့ ထွက်လာတာပါ။ တိုက်တေနီယံကိုယ်ထည်ဟာ ဒေါ်လာ ၅၂၀၀ ဈေးနဲ့ လာပြီး အနက်ရောင် ကြွေထည်ဗားရှင်းကို ဒေါ်လာ ၅၈၀၀ ဈေးနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။ နာရီနှစ်မျိုးစလုံးဟာ ၄၂ မီလီမီတာ OLED HD touch screen သုံးထားပါတယ်။




touchscreen ရဲ့ အပေါ်မှာ နီလာပုံဆောင်ခဲ crystal အုပ်ထားပြီး Snapdragon Wear 3100 processor ၊ RAM 1GB ၊ 8GB storage နဲ့ 300mAh ဘက်ထရီ တွေ ပါရှိပါတယ်။ Hublot Big Bang e မှာ နာရီလုပ်ဆောင်ချက်တွေ ထိန်းချုပ်ဖို့ ခလုတ်တစ်ခုလို အလုပ်လုပ်နိုင်တဲ့ rotary crown တစ်ခု ပါရရှိပြီး UI ကနေလည်း scroll ဆွဲလို့ ရမှာပါ။

မော်ဒယ်နှစ်မျိုးစလုံးမှာ ရော်ဘာလက်ပတ်ကြိုးတစ်ခုနဲ့ လာပြီး 3ATM ရေစိုခံမှု ထည့်သွင်းထားပါတယ်။ Hublot Big Bang e မှာ GPS နဲ့ NFC နှစ်ခုလုံး ပံ့ပိုးမှုမပါတာကတော့ ထူးခြားနေပါတယ်။ Wear OS ဖြစ်တာကြောင့် Google Play ၊ Assistant ၊ apps အမျိုးမျိုးနဲ့ watchfaces တွေ ပါလာပါတယ်။ Hublot ဟာ ကိုယ်ပိုင် Watchfaces တစ်ချို့နဲ့ features တွေ အများအပြားလည်း ထည့်ထားပါတယ်။

Hublot Big Bang e မှာ လပုံစံလိုမျိုး ဖော်ပြနိုင်မယ့် Perpetual Calendar တစ်ခုလည်း ပါရှိပြီး #HublotLovesArt အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ တစ်နေ့လုံး ကာလာတွေ ပြောင်းလဲပေးမယ့် အထူး watchface တစ်ခု ပါဝင်ပါတယ်။ Hublot Big Bang e ဖြန့်ချိမယ့်ရက် မသိသေးပါဘူး။ ဈေးကွက်အနေနဲ့ အမေရိကန် ၊ ဥရောပ ၊ ယူကေ နဲ့ တရုတ်တို့မှာလည်း ‌ရောင်းချသွားမှာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က