11MP Single ကင်မရာတစ်လုံးပဲ ပါမှာပါ

Microsoft ရဲ့ ပထမဆုံး Dual-Screen သုံး အန်းဒရိုက်ထုတ်ကုန်ကို လာမယ့် စက်တင်ဘာ ၁၀ ရက် ‌ဈေးကွက်မှာ စတင် ဖြန့်ချိသွားတော့မှာပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မိတ်ဆက်လိုက်တဲ့ Microsoft Surface Duo ဟာ screen နှစ်ခုကို ပတ္တာ Hinge နဲ့ ဆက်ထားတဲ့ ဒီဇိုင်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ Hinge ဟာ ပတ်ပတ်လည် ၃၆၀ ဒီဂရီ ခေါက်နိုင်မှာပါ။ Screen တစ်ခုချင်းစီဟာ မျက်နှာပြင်အရွယ်အစား ၅.၆ လက်မဆိုဒ်ရှိပြီး ဖြန့်ထားချိန်မှာ Screen Size ဟာ ၈.၁ လက်မအထိ ရှိမှာ ဖြစ်ပါတယ်။



Photo: Engadget


screen တွေဟာ 4:3 aspect ratio ပါပြီး AMOLED display (1800x1350px) ရုပ်ထွက် နဲ့ လာမှာပါ။ အပေါ်မှာ အကြမ်းခံတဲ့ Gorilla Glass မှန်အုပ်ထားတယ်လို့ ဆိုပါတယ်။ ခေါက်ထားချိန်မှာ Surface Duo ဟာ ၉.၆ မီလီမီတာ ခန့်ထူမှာပါ။ processor အနေနဲ့ ၂၀၁၉ ခုနှစ်ရဲ့ high-end processor ဖြစ်တဲ့ Snapdragon 855 SoC ပါရှိပြီး RAM 6GB နဲ့ 256GB storage အထိ ပါရှိမယ်လို့ ဆိုပါတယ်။

5G ကွန်ရက်ကိုတော့ ဒီဖုန်းမှာ သုံးနိုင်မှာ မဟုတ်ဘဲ LTE ဗားရှင်းအနေနဲ့ပဲ ထွက်လာတာပါ။ ဘက်ထရီကို နှစ်လုံးသုံးထားပြီး စုစုပေါင်း ပါဝါအားဖြင့် 3577mAh ရှိမယ်လို့ ဆိုပါတယ်။ Microsoft Surface Duo မှာ 11MP ကင်မရာတစ်လုံးတည်းပါရှိပြီး ဗွီဒီယိုဖုန်းခေါ်ဆိုမှုအတွက်ရော Main camera အနေနဲ့ပါ သုံးနိုင်မှာပါ။

Photo: CNet


ဒီကင်မရာဟာ Low light အတွက် auto modes များ ပါရှိသလို HDR multi-frame ရိုက်ကူးမှု နဲ့ 7x Super Zoom အထိ ပံ့ပိုးထားပါတယ်။ ဒါ့အပြင် Electronics Image Stabilization နဲ့အတူ 4K နဲ့ 1080p ရုပ်သံရိုက်ကူးမှုတွေကို 30fps နဲ့ 60fps အထိ support ပေးထားပါတယ်။ 

Android 10 စနစ် သုံးထားပြီး Surface Pen ပံ့ပိုးထားပါတယ်။ အမေရိကန်ဈေးကွက်မှာ 128GB မော်ဒယ်ကို ၁၃၉၉ ဒေါ်လာ (မြန်မာငွေ သိန်း ၂၀ ခန့်) ဈေးနဲ့ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က