ဈေးအချိုဆုံး 5G ဖုန်းတွေထဲက တစ်လုံးပါ

Honor ဟာ X series အနေနဲ့ ပထမဆုံး 5G ဖုန်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Huawei ရဲ့ sub-brand တွေထဲမှာ ဈေးအချိုဆုံး 5G ဖုန်းအဖြစ် မိတ်ဆက်လိုက်တာ ဖြစ်ပြီး Honor 9X/9X pro တို့ရဲ့ အဆက်ဖြစ်ပေမယ့် Honor X10 လိုပဲ နာမည်ပေးလိုက်တာပါ။ မကြာခင်မှာ ပြိုင်ဘက် Redmi ဟာ Redmi 10X 5G နဲ့ Redmi 10X Pro 5G ဖုန်းသစ်တွေ မိတ်ဆက်လာမှာ ဖြစ်လို့ ဝယ်သူတွေ စိတ်ထဲ ရောမသွားအောင် နာမည်ပြောင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။




Photo: Gizmochina

Honor X10 ဟာ ပိုမိုကြီးမားတဲ့ notchless dispaly ၊ flagship တန်းဝင် ပင်မကင်မရာ ၊ ပိုပါဝါကြီးတဲ့ ဘက်ထရီနဲ့ ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာတွေ သုံးလာပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆၃ လက်အရွယ် Honor X10 ဟာ IPS LCD display ပဲ သုံးလာပြီး display ပိုင်းမှာ 90Hz refresh rate /180Hz touch sampling rate တွေနဲ့ အဆင့်မြှင့်တင်လာပါတယ်။

Kirin 820 5G chipset ဟာ Honor X10 စမတ်ဖုန်းအတွက် အင်ဂျင်ဖြစ်ပြီး 5G ကွန်ရက်ပေါ် ဒေါင်းလုပ်မြန်နှုန်းဟာ 1003Mbps အထိ ရှိတယ်လို့ ဆိုပါတယ်။ dual-mode 5G (SA/NSA) ပံ့ပိုးတဲ့အပြင် 5G ကြိမ်နှုန်းလှိုင်း ၉ မျိုးအထိလည်း ချိတ်ဆက်နိုင်တာ ဖြစ်လို့ ကွန်ရက်လွှမ်းခြုံမှု မြင့်မားတဲ့ ဖုန်းတစ်လုံး ဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ Huawei ရဲ့ Super Uplink (SUL) 5G နည်းပညာကြောင့်လည်း ကွန်ရက်မြန်နှုန်းရော Uplink rate ကိုပါ ၄၁၂% အထိ တိုးမြှင့်နိုင်မယ်လို့ ဆိုပါတယ်။

Honor X10 5G ရဲ့ SoC ဟာ LPDDR4X RAM နဲ့ UFS 2.1 storage တွေနဲ့ တွဲဖက်ထားပါတယ်။ external storage အတွက်လည်း Nano Memory (NM) card တစ်ခု ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါနဲ့ အားသွင်းစနစ်ဟာ Honor 9X ထက်ပိုကြီးတဲ့ 22.5W fast charging ပါ 4300 mAh ဘက်ထရီနဲ့ လာပါတယ်။ Gaming performance နဲ့ ပါဝါသုံးစွဲမှုအကြား ချိန်ညှိပေးမယ့် Kirin Gaming+2.0 စနစ်နဲ့ GPU Turbo နည်းပညာတွေ ပါရှိပြီး လက်ဗွေကို ဖုန်းဘေးဘောင်မှာ သုံးထားပါတယ်။



Photo: XDA-Developers

pop-up selfie ကင်မရာဟာ 16MP ဖြစ်ပြီး ကျောဘက်မှာ 40MP main sensor ၊ 8MP ultrawide နဲ့ 2MP macro unit ဆိုပြီး သုံးလုံးတွဲကင်မရာတွေ ပါရှိပါတယ်။ 40MP main sensor ဟာ RYYB sensor တစ်ခု ပါရှိတာကြောင့် အလင်းအာရုံခံစနစ် ပိုကောင်းပြီး Low-light ဓါတ်ပုံစနစ်ကို ပံ့ပိုးပေးနိုင်မှာပါ။ ကင်မရာ features တွေထဲမှာ AIS super Night Mode ၊ 3D Portrait Lighting Effect နဲ့ 960 fps နှုန်းနဲ့ Slow Mo ရုပ်သံရိုက်ကူးစနစ်များ ပါဝင်ပါတယ်။

Honor X10 5G ဟာ Sapphire Blue ၊ Midnight Black ၊ Titanium Silver နဲ့ Fiery Orange ကာလာတွေနဲ့ လာပါတယ်။ RAM 6GB/64GB storage ဗားရှင်းကို ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်းခွဲ) ၊ RAM 6GB/128GB storage ကို ၂၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ RAM 8GB/128GB storage မော်ဒယ်ကိုတော့ ၂၃၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ဈေးတွေနဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က