SDG 665 SoC ၊ RAM 8GB သုံးထားပါတယ်

mid-range processor နဲ့ 48MP Quad Cameras သုံးထားတဲ့ Vivo S စီးရီး စမတ်ဖုန်းသစ်ကို ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ထားပါတယ်။

Limited Edition အဖြစ် ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းချသွားမယ့် ဒီဖုန်းဟာ မေလထဲမှာ မိတ်ဆက်သွားတဲ့ Vivo X50 Lite နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ ဒီဇိုင်း ၊ Processor ၊ ကင်မရာနဲ့ ဘက်ထရီပါဝါကအစတူပြီး OS ပိုင်းမှာပဲ Vivo X50 Lite နဲ့ မတူတာ ဖြစ်ပါတယ်။



Photo: mysmartprice

မေလလယ်က မိတ်ဆက်ခဲ့တဲ့ Vivo X50 Lite ကတော့ Android 10 ကို အခြေခံထားတဲ့ FuntounchOS 10 ကို သုံးထားတာပါ။ Vivo S1 Prime ကတော့ ၂၀၂၀ အနေနဲ့ နည်းနည်းဒိတ်အောက်နေမယ့် Android 9 Pie ကို အခြေခံထားတဲ့ FunTouch OS 9.2 ကိုပဲ သုံးထားပါတယ်။

Vivo S1 Prime ဟာ မျက်နှာပြင် ၆.၃၈ လက်မ FHD+ AMOLED display နဲ့ လာပြီး fingerprint scanner ကိုလည်း မှန်အောက်မှာပဲ ထည့်သွင်းထားပါတယ်။ U ပုံစံ notch ထဲမှာ 16MP selfie ကင်မရာ ပါရှိပြီး ကျောဘက်ကင်မရာဟာ Vivo S1 Pro စတိုင် Diamond-Shaped ကင်မရာပုံစံ သုံးထားပါတယ်။ 

ဖုန်းရဲ့ နောက်ကျောဘက်မှာ 48MP primary ကင်မရာ ၊ 8MP ultrawide ၊ 2MP macro lens နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး နဲ့ လာပါတယ်။ ဘက်ထရီပါဝါဟာ 4500mAh ရှိပြီး USB-C port ကနေ 18W အထိ အားသွင်းနိုင်မှာပါ။ ဒီဖုန်းဟာ Snapdragon 665 SoC နဲ့ လာပြီး RAM 8GB/128GB storage တို့ ပါရှိပါတယ်။

dual SIM စနစ်သုံး ဖုန်းတစ်လုံး ဖြစ်ပြီး Jade Black နဲ့ Nebula Blue ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။ ပြည်တွင်း‌ဈေးကွက်မှာ မြန်မာငွေ ၃၈၉၈၀၀ ကျပ်ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က