ပိုပြီးသားနားတဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်

Samsung ရဲ့ တတိယမြောက် Foldable ဖုန်းကို ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy Note 20 Series နဲ့အတူ Unpacked 2020 ပွဲမှာ ကြေညာသွားတဲ့ Galaxy Z Fold 2 ရဲ့ အချက်အလက် အပြည့်အစုံကိုလည်း သိရပြီ ဖြစ်ပါတယ်။ အရင်ကတော့ Galaxy Z Fold 2 ရဲ့ အတွင်း/အပြင် Screen size အရွယ်အစားပဲ သိခဲ့ရပြီး ကင်မရာ နဲ့ တစ်ခြား specs တွေ အကြောင်း ပြောမသွားခဲ့ပါဘူး။



Galaxy Z Fold 2 ဟာ အပြင်ဘက်မှာ punch hole ကင်မရာပေါက်ပါ ၆.၄ လက်မ Super AMOLED display (2260x816px) နဲ့လာပြီး အတွင်းမှာတော့ ဖြန့်ထားချိန် ၇.၅ လက်မရှိမယ့် Dynamic AMOLED display သုံးထားပါတယ်။ အပြင် display ရဲ့ punch-hole cutout ထဲမှာ 10MP ကင်မရာပါပြီး အတွင်းဘက် display ဟာ 120Hz refresh rate ပံ့ပိုးထားပါတယ်။

Photo: engrmks

အတွင်းမှာလည်း punch-hole အမျိုးအစား 10MP selfie ကင်မရာနဲ့လာပြီး display ဟာ 2208 x 1768p ပါရှိမှာ ဖြစ်ပါတယ်။ ဒီကင်မရာတွေအပြင် အပြင်ဘက်မှာ 12MP သုံးလုံးတွဲကင်မရာစနစ် ထည့်သွင်းထားပါတယ်။ main sensor 12MP ဟာ OIS ရုပ်ငြိမ်စနစ်နဲ့ dual pixel autofocus စနစ် ပါရှိပြီး 2x zoom ပါ 12MP OIS sensor ၊ 12MP ultrawide lens တို့နဲ့ တွဲသုံးထားပါတယ်။ 

Galaxy Z Flip လိုပဲ အကြမ်းခံမှု ပိုမြင့်တဲ့ Ultra-Thin Glass (UTG) မှန်အုပ်ထားပါတယ်။ Galaxy Z Fold 2 ဟာ ပတ္တာ hinge ဒီဇိုင်းကို ပိုကောင်းလာသလို ကြံ့ခိုင်မှုလည်း ပိုမြင့်အောင် ထုတ်ထားတယ်လို့ Samsung က ဆိုပါတယ်။ Hinge ဟာ ၇၅ ဒီဂရီကနေ ၁၁၅ ဒီဂရီအကြား ထောင်ထားလို့ရစေမယ့် CAM ယန္တရားစနစ်သုံးထားပြီး ပတ္တာအဟတွေ မရှိအောင် ဝှက်ထားနိုင်တဲ့ Hideaway hinge ဒီဇိုင်းနဲ့လာတာပါ။

 Hinge နဲ့ ဖုန်းကိုယ်ထည်အကြား Gap ဖြစ်နေတဲ့ အဟ နေရာမှာလည်း ဖုန်နဲ့ အမှိုက်သရိုက်တွေ မဝင်အောင် ရှင်းပေးမယ့် Sweeper structure တစ်ခု ပါရှိတာက ထူးခြားနေပါတယ်။ နောက်တစ်ခုက Galaxy Z Flip ထက်လည်း gap ကို ပိုသေးအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ တစ်ချို့ဈေးကွက်တွေမှာ Hinge ကာလာကိုလည်း Metallic Silver ၊ Metallic Gold ၊ Metallic Red နဲ့ Metallic Blue အရောင်တွေနဲ့ Customize မှာလို့ ရမှာပါ။

Photo: trustedreviews


Galaxy Z Fold 2 ဟာ Snapdragon 865+ sensor ၊ RAM 12GB ၊ UFS 3.1 စနစ်သုံး 256GB storage တို့ နဲ့ လာပါတယ်။ mmWave နဲ့ sub-6GHz နှစ်မျိုးလုံး ပံ့ပိုးထားတဲ့ 5G စနစ်နဲ့ လာပါတယ်။ ဘက်ထရီပါဝါဟာ 4235mAh နဲ့ လာပြီး 25W wired charging နဲ့အတူ fast wireless charging နဲ့ wireless PowerShare စနစ်များလည်း သုံးထားပါတယ်။ Mystic Black နဲ့ Mystic Bronze ကာလာ ၂ ရောင်နဲ့ လာပါတယ်။

ကနေဒါ ၊ ဂျာမနီ ၊ အမေရိကန် ၊ ယူကေတို့ အပါအဝင် ဈေးကွက် ၂၁ နေရာမှာ ရောင်းချသွားမှာဖြစ်ပြီး ဒေါ်လာ ၂၀၀၀ (မြန်မာငွေ ၂၇ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။ Galaxy Buds Live နဲ့ Galaxy Watch 3 တို့နဲ့ လာတဲ့ Thom Browne Edition ကိုတော့ ဒေါ်လာ ၃၃၀၀ (မြန်မာငွေ ၄၄ သိန်းကျော်) ဈေးနဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က