Apple Watch ထက် ၄ ဆလောက် ‌ဈေးပိုကြီးပါတယ်

ဆွစ်ဇာလန် Luxury စမတ်နာရီကုမ္ပဏီဖြစ်တဲ့ TAG Heuer ဟာ တစ်ခြား စမတ်နာရီတွေနဲ့ ကွဲပြား ခြားနားတဲ့ စမတ်နာရီတစ်မျိုးကို ကြေညာလိုက်ပါတယ်။

TAG Heuer Connected ရဲ့ တတိယမျိုးဆက် စမတ်နာရီဟာ ထိပ်တန်း Classic နာရီပုံရိုးနဲ့ လာပြီး smart နဲ့ watch ဆိုတဲ့ အဓိပ္ပါယ်ကို ပိုပေါ်လွင်စေအောင် ထုတ်ထားတာပါ။ အပြောင်းအလဲတွေအနေနဲ့ ဒီတတိယမျိုးဆက် TAG Heuer Connected မှာ fitness နဲ့ အားကစားလုပ်ဆောင်မှု ခြေရာခံဖို့အတွက် sensor သစ်တွေ ပိုပါလာသလို ဒီဇိုင်းလည်း ပိုမိုက်လာပါတယ်။

Photo: Droid Life

ဒီနာရီဟာ Ceramic Bezel ဘောင် ၊ Mechanical Buttons နဲ့ ရုပ်ထွက်မြင့် screen တို့ ပါဝင်ပါတယ်။ တန်ဖိုးကြီး စက်မောင်းနာရီတွေနဲ့ နာမည်ကြီးတဲ့ TAG Heuer ရဲ့ တတိယမျိုးဆက်ဒီ စမတ်နာရီဟာ တိုက်တေနီယံ စတိန်းလတ်စတီး ၄၅ မီလီမီတာ အိုးနဲ့ ထွက်ထားပါတယ်။

OLED Panel နာရီအိုးဟာ အချင်း ၁.၃၉ လက်မရှိပြီး ရုပ်ထွက် 454 x 454p ပါရှိပါတယ်။ USB C အားသွင်းစနစ်နဲ့ လာပြီး အရင်မော်ဒယ်တွေမှာ GPS ချိတ်ဆက်မှုပဲ ပါရာကနေ အခုဆို နှလုံးခုန်တိုင်း စနစ် ၊ လမ်းပြ အိမ်မြှောင် ၊ အရှိန်တိုင်းစနစ်နဲ့ Fitness နဲ့ အားကစားလုပ်သူတွေအတွက် လည်ပတ်နှုန်းတိုင်း စနစ်များ ထည့်သွင်းထားပါတယ်။

TAG Heuer Connected သစ်ဟာ Qualcomm ရဲ့ Snapdragon 3100 chipset သုံးထားပါတယ်။ နာရီမျက်နှာပြင် ဒီဇိုင်းကိုလည်း ဒီဂျစ်တယ်နဲ့ analog စတိုင် ၅ မျိုးနဲ့ ဒီဇိုင်း ထုတ်ထားပြီး စိတ်ကြိုက်ပြောင်းနိုင်မှာပါ။ နာရီခလုတ်ကိုလည်း တစ်ခုကနေ သုံးခုအထိ တိုးထားပြီး Sports လုပ်ဆောင်ချက်တွေကို ခလုတ်ကနေ အလွယ်တကူရွေးနိုင်မှာပါ။


Photo: au.glbnews

Google services တွေဖြစ်တဲ့ Google Assistant လိုမျိုး လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်သလို Android နဲ့ iPhone သုံး app အမျိုးမျိုးနဲ့လည်း ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ ကာလာနဲ့ ပစ္စည်းပေါ်လိုက်ပြီး မော်ဒယ် ၄ မျိုးထွက်ထားပါတယ်။

စတီးအိုး ၊ ရာဘာကြိုးနဲ့ မော်ဒယ်နဲ့ Ultra-light အနက်ရောင်ကြွေသား စတီးကိုယ်ထည် ရာဘာကြိုးမော်ဒယ် တွေကို ၁၈၀၀ ဒေါ်လာ (မြန်မာငွေ ၂၅ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ စတီးအိုး ၊ စတီးကြိုးမော်ဒယ်ကို ဒေါ်လာ ၁၉၅၀ (မြန်မာငွေ ၂၇ သိန်းကျော် ) နဲ့ All-black တိုက်တေနီယံဗားရှင်းကို ၂၃၅၀ ဒေါ်လာ (မြန်မာငွေ ၃၂ သိန်း ) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က