အမိုက်စားကင်မရာနဲ့ ထူးခြားတဲ့ punch hole ဒီဇိုင်း သုံးထားပါတယ်

FullView punch hole display နဲ့ 48MP main sensor သုံး စမတ်ဖုန်းတွေထဲမှာ Huawei Y7p ဟာ ဈေးအတန်ဆုံးဖုန်းဆိုရင်လည်း မမှားပါဘူး။

Huawei Y7p ဟာ ရောင်ပြန်ကျောဘက် ကိုယ်ထည်နဲ့ 2.5D ကွေးညွတ်ထားတဲ့ ဒီဇိုင်းအချိုး သုံးထားတာ ဖြစ်ပြီး 19.5:9 aspect ratio နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၃၉ လက်မဟာ မှန်ပြင်နေရာယူမှု မြင့်စေမယ့် မှန်ပြင်အောက် punch-hole ကင်မရာ panel ပုံစံသစ်ကြောင့် screen နဲ့ ကိုယ်ထည်အချိုးဟာ ၉၀% အထိ ရှိလာပါတယ်။



Photo: Huawei

မှန်ပြင်ပြည့် screen ဒီဇိုင်းကြောင့် Huawei Y7p နဲ့ ရုပ်ရှင်ဇာတ်ကားကြည့်ရှုတာ ၊ လူမှုကွန်ရက် အသုံးပြုတာနဲ့ ဂိမ်းကစားရာမှာ တမူထူးခြားတဲ့ ခံစားမှု ရစေမှာပါ။ ဖုန်းရဲ့ ဘယ်ဘက်အပေါ်ထောင့်က Punch hole ကင်မရာပေါက်ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး မျက်နှာအနေအထားအလိုက် အကောင်းဆုံး ဆယ်လ်ဖီပုံတွေ ရိုက်ကူးနိုင်စေမယ့် Portrait Mode လိုမျိုး ကင်မရာစနစ်တွေ ထည့်ပေးထားပါတယ်။

selfie ကင်မရာဟာ Face Unlock 2.0 စနစ် ထောက်ပံ့ထားတာ ဖြစ်လို့ ဖုန်းပိုင်ရှင်ရဲ့ မျက်နှာနဲ့ ဖုန်းကို အမြန်ဆုံး လော့ခ်ဖွင့်နိုင်မှာပါ။ ကျောဘက်မှာ 48MP main sensor ပါဝင်တဲ့ ထောင်လိုက် သုံးလုံးတွဲကင်မရာတွေ တပ်ဆင်ထားပါတယ်။ ဒီကင်မရာနဲ့အတူ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultra-wide angle ကင်မရာ နဲ့ 2MP depth sensor ကင်မရာများ သုံးထားပါတယ်။


Photo: Huawei

48MP main sensor ဟာ 1/2 လက်မအရွယ် CMOS sensor အကြီးစားသုံးထားတာကြောင့် အလင်းရောင် အားနည်းချိန်တွေမှာ ကြည်လင်ပြတ်သားပြီး အရောင်အသွေးစုံလင်တဲ့ ပုံရိပ်တွေ ဖမ်းယူနိုင်မှာပါ။ ကင်မရာစနစ်မှာ ထူးခြားတာက Super Night Mode လိုမျိုး tripod မလိုဘဲ လက်နဲ့တင် အငြိမ်ပုံရိုက်တွေ ရိုက်ကူးနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါလာတာ ဖြစ်ပါတယ်။

Huawei Y7p ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ပါဝါသုံးစွဲမှု ပိုမိုထိရောက်စေမယ့် Kirin 710F processor ကို ပထမဆုံးသုံးလာတဲ့ Y7 series ပါ။ ဂရပ်ဖစ်အနေနဲ့ GPU Turbo 3.0 နဲ့လာတဲ့ quad core GPU သုံးထားလို့ စမတ်ဖုန်းဂိမ်းကစားမှုအတွေ့အကြုံကို အလွင့်စား ဖြစ်စေမှာပါ။ RAM/storage ကို 4GB/64GB နဲ့ ထွက်ထားပြီး ဘက်ထရီပါဝါ 4000 mA ဟာ Huawei ရဲ့ AI power-saving နည်းပညာကြောင့် တစ်ခါအားအပြည့်သွင်းထားတာနဲ့ တစ်နေကုန် အသုံးခံမှာ ဖြစ်ပါတယ်။

Photo: Huawei

စမတ်ဖုန်းလုံခြုံရေးအတွက် ကျောဘက်မှာ လက်ဗွေတပ်ဆင်ထားပြီး ဆော့ဖ်ဝဲလ်ကိုတော့ EMUI 9.1 သုံးထားပါတယ်။ Huawei Y7p မှာ ဖုန်းအတွက် လိုအပ်တဲ့ app တွေ ဒေါင်းလုပ်ဆွဲနိုင်မယ့် Huawei AppGallery အပါအဝင် Huawei Mobile Services (HMS) ပေးထားပါတယ်။ Huawei Y7p (RAM 4GB/64GB storage) ဗားရှင်းကို မြန်မာငွေ ကျပ် ၂၂၉၀၀၀ ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အရောင်အနေနဲ့ စိမ်းပြာရောင်ပြေးနဲ့ အနက်ရောင် ၂ မျိုးနဲ့ ဝယ်ယူနိုင်မှာပါ။

ဇန်နဝါရီ ၂၀ ရက်နေ့ကနေ ဇန်နဝါရီ ၃၁ ရက်နေ့အထိ pre-order မှာယူနိုင်မှာ ဖြစ်ပြီး pre-order မှာသူတွေကို Huawei Band 3e စမတ်လက်ပတ်တစ်လုံးစီ လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။


ယခုဆောင်းပါးကို Huawei Myanmar မှ ကူညီ ပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က