ကမ္ဘာ့ဈေးအသက်သာဆုံး 5G ဖုန်းကို တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Coolpad က CES 2020 ပွဲမှာ မိတ်ဆက်သွားပါတယ်။
Coolpad Legacy 5G ဖုန်းဟာ ၃၅၉ ဒေါ်လာ ဈေးနဲ့ ရောင်းချသွားမယ့် 5G ဖုန်းဖြစ်ပြီး Coolpad ဝက်ဘ်ဆိုက် ၊ Amazon နဲ့ တစ်ခြား အမေရိကန်လက်လီအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ SIM တစ်ကဒ်သုံး စမတ်ဖုန်းဖြစ်ပြီး Coolpad ရဲ့ ပထမဆုံး 5G ဖုန်းလည်း ဖြစ်ပါတယ်။
Photo: gsmarena
မျက်နှာပြင် ၆.၅၃ လက်မရှိတဲ့ Coolpad Legacy 5G ဟာ FHD+ LCD display နဲ့ လာပြီး Pixelwork ရဲ့ HDR 10 ရုပ်ထွက်နည်းပညာ သုံးထားပါတယ်။ teardrop notch ထဲမှာ 16MP ဆယ်လ်ဖီကင်မရာပါပြီး Face Unlock စနစ် သုံးနိုင်မှာပါ။ ကျောဘက်အလယ်နားမှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပြီး ထောင်လိုက်နှစ်လုံးတွဲကင်မရာတွေ ဖြစ်တဲ့ 48MP နဲ့ 8MP တို့ ပါရှိပါတယ်။
Coolpad Legacy 5G ဟာ Snapdragon 765G processor သုံးထားပြီး sub-6GHz 5G ပံ့ပိုးပေးထားပါတယ်။ RAM 4GB/64GB storage နဲ့ အတူ microSD card ကနေတစ်ဆင့် 128GB အထိ ထပ်တိုးနိုင်မှာပါ။ အားသွင်းမှုပိုင်းမှာ Qualcomm Quick Charge 3.0 စနစ် ပါတဲ့ 4000mAh ဘက်ထရီ သုံးထားပြီး 18W fast charging ကြောင့် အားသွင်းရ မြန်ဆန်သွက်လက်နေမှာ ဖြစ်ပါတယ်။
Coolpad ရဲ့ ဒီ 5G ဖုန်းကို ၂၀၂၀ နှစ်လယ်ပိုင်းမှာ ရောင်းချသွားဖို့ ရှိပြီး Legacy 5G ဖုန်းနဲ့အတူ ဒေါ်လာ ၁၉၀ တန် Dyno 2 စမတ်နာရီပါ ဈေးကွက်ထဲ ရောက်လာမှာပါ။