64MP main sensor နဲ့ ပထမဆုံး လာပါတယ်

Xiaomi ကတော့ 5G မော်ဒယ်နဲ့ 120Hz display ကို ပထမဆုံး အသုံးပြုလာတဲ့ Redmi K series စမတ်ဖုန်းသစ်တွေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Redmi K30 နဲ့ Redmi K30 5G တို့ဟာ မျက်နှာပြင် ၆.၆၇ လက်မ 120Hz display နဲ့ လာပြီး 64MP primary ကင်မရာကို စတင် အသုံးပြုထားပါတယ်။ 4G ဗားရှင်းနဲ့ 5G ဗားရှင်းတွေ ဖြစ်တာကြောင့် သုံးတဲ့ processor မှာ ကွာခြားမှု ရှိပါတယ်။ Redmi K30 5G ဟာ 5G ချိတ်ဆက်မှု ရတဲ့ Snapdragon 765G SoC သစ်ကို ပထမဆုံး သုံးလာတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။


Photo: xda-developers

ပါဝါသုံးစွဲမှုနည်းပညာပြီး 5G modem တစ်ခါတည်း ပါလာတဲ့ Snapdragon 765G processor ဟာ dual-mod 5G လို့ ခေါ်တဲ့ SA နဲ့ NSA ကွန်ရက် နှစ်မျိုးစလုံးကို ပံ့ပိုးပေးထားပါတယ်။ Redmi K30 5G ဟာ 5G MultiLink လို့‌ခေါ်တဲ့ 2.4GHz WiFi ၊ 5GHz WiFi နဲ့ 4G/5G ကွန်ရက်နှစ်မျိုးစလုံးကို support ပေးထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

120Hz display လိုမျိုး refresh rate မှာ ပုံမှန် 60Hz display တွေထက် ၂ ဆပိုပြီး တစ်စက္ကန့်အတွင်း ပုံရိပ်ဖော်ပြမှု မြန်ဆန်လာပါတယ်။ သုံးနေတဲ့ app ပေါ်လိုက်ပြီးလည်း ဒီဖုန်းဟာ 60Hz,90Hz နဲ့ 120Hz ဆိုပြီး frame rate ကို ချိန်ညှိပေးမှာပါ။ display မှာ ထူးခြားလာတာက punch hole စတိုင်ကိုမှ (20MP+2MP depth sensor) dual selfie ကင်မရာတွေ ထည့်ပေးထားတာ ဖြစ်ပါတယ်။

Redmi K30 ရိုးရိုး‌ 4G မော်ဒယ်မှာတော့ Snapdragon 730G processor နဲ့ လာပြီး အားသွင်းမှုကိုတော့ နည်းနည်း ပိုနှေးတဲ့ 27W charging စနစ် သုံးထားပါတယ်။ memory ဗားရှင်းမှာတော့ 6GB/64GB, 6GB/128GB, 8GB/128GB နဲ့ 8GB/256GB ဆိုပြီး ၄ မျိုးထွက်ထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ MIUI 11 စနစ်နဲ့ လာပါတယ်။

display ဟာ ၆.၆၇ လက်မ LCD panel အမျိုးအစား ဖြစ်ပြီး fingerprint scanner ကို ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲမှာ ထည့်ပေးထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံ ကင်မရာ cutout ထဲမှာမှ ထောင်လိုက် လေးလုံးတန်း Quad Cameras စနစ် သုံးထားပါတယ်။ Redmi K30/K30 5G ဟာ Sony IMX686 sensor သုံး 64MP ပထမဆုံး ပါလာတဲ့ ဖုန်းဖြစ်ပါတယ်။

5G ဗားရှင်းမှာ 64MP main sensor နဲ့အတူ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ၊ 5MP macro ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံးစနစ် သုံးသွားပါတယ်။ 4G ဗားရှင်းကတော့ 5MP macro ကနေ 2MP macro sensor ကို လျှော့ထားပါတယ်။ 5G ဗားရှင်းမှာ dual frequency GPS စနစ်နဲ့ အရည်အအေးပေးစနစ်အတွက် copper tube နဲ့ လာပါတယ်။

Photo: gizmochina


ဘက်ထရီပါဝါမှာ 4500mAh နဲ့ လာပြီး 5G မှာ 30W fast charging စနစ် သုံးပါတယ်။ Redmi K30 ရိုးရိုးမော်ဒယ်ဟာ အနီ ၊ အပြာနဲ့ ခရမ်း ကာလာ ၃ ရောင်နဲ့ လာပြီး 5G ဗားရှင်းမှာတော့ အဖြူတစ်ရောင်ထပ်တိုးပြီး ထုတ်ထားပါတယ်။ Redmi K30 5G ကို လာမယ့် ဇန်နဝါရီလကစပြီး တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

4G ဗားရှင်းကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့က စပြီး ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲခန့်) ကနေ RAM 8GB/256GB storage ကို ၂၁၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။ Redmi K30 5G ကတော့ ရိုးရိုး 4G ထက် ယွမ် ၄၀၀ (မြန်မာငွေ ၈ သောင်းခွဲခန့်) ဈေးပိုမြင့်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က