Redmi 9A ရဲ့ အမြင့်ဗားရှင်းလို့ ဆိုနိုင်ပါတယ်

Xiaomi ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Redmi ဟာ အကြီးစား ဘက်ထရီပါဝါသုံး တန်ဖိုးနည်းဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။

အိန္ဒိယဈေးကွက်မှာ ရောက်လာတဲ့ ဒီဖုန်းဟာ ဒီလဆန်းပိုင်းကပဲ ထွက်ရှိသွားတဲ့ Redmi 9A ရဲ့ upgrade ဗားရှင်းလို့ ပြောနိုင်ပါတယ်။ Redmi 9A နဲ့ တစ်ပုံစံတည်းဆိုပေမယ့် RAM/storage ထပ်မြှင့်လိုက်တာပါ။ နာမည်သာ ပြောင်းသွားတာ ဖြစ်ပြီး Redmi 9A ကို memory အမြင့်နဲ့ လာတာလို့ ဆိုရမှာပါ။




Photo: 91Mobiles

Redmi 9i ဟာ waterdrop notch နဲ့ ကျောဘက် Single Lens တို့ ပါရှိပါတယ်။ Entry-Level ဖုန်းတစ်လုံးအနေနဲ့ သိပ်ပြီး ပြောစရာ မရှိပါဘူး။ octa-core MediaTek G25 SoC နဲ့အတူ RAM 4GB ပါရှိပါတယ်။ storage အနေနဲ့ 64GB ၊ 128GB ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။

မျက်နှာပြင် ၆.၅၃ လက်မ HD+ display ပါရှိပြီး notch ထဲမှာ 5MP selfie ကင်မရာ သုံးထားပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ Aura 360 Design သုံးထားပြီး LED flash တစ်ခုနဲ့အတူ 13MP ကင်မရာ ပါရှိပါတယ်။ ဘက်ထရီပါဝါဟာ 5000 mAh ဖြစ်ပြီး microUSB port ကနေ အားသွင်းရမှာပါ။

Midnight Black ၊ Sea Blue နဲ့ Nature Green ကာလာ ၃ ရောင်နဲ့ လာပြီး 64GB ဗားရှင်းကို ၈၂၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲခန့်) နဲ့ 128GB ‌မော်ဒယ်ကို ၉၂၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၆ သောင်းခွဲကျော်) ဈေး သတ်မှတ်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က