ဒီည ၁၀ နာရီခွဲ ကစားမှာနော်။

နှစ်သင်းပေါင်း ပြိုင်ပွဲစုံ ၁၆၁ ပွဲတွေ့ဆုံထားပြီး ချဲလ်ဆီးက ၆၇ ပွဲနိုင်၊မန်စီးတီးက ၅၅ ပွဲနိုင်ကာ ၃၉ ပွဲ သရေကျထားပါတယ်။

မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ကို ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ မန်စီးတီးအိမ်ကွင်း အီတီဟတ်ချ်မှာ ယှဉ်ပြိုင်ကစားမှာပါ။ မန်စီးတီးအတွက်ကလည်း ထိပ်ဆုံးနေရာမှ လီဗာပူးအသင်းက မနေ့ကပွဲစဉ်မှာ အနိုင်ရထားလို့ ၃ မှတ်သာတဲ့ အနေအထားမှာ အမှတ်ကွာဟမှု ပိုများမသွားအောင် ဒီပွဲမှာ နိုင်ထားဖို့ လိုအပ်နေပါတယ်။

နောက်တစ်ခုက မန်စီးတီးအသင်းက တစ်ပွဲပိုကစားထားတာဖြစ်ပြီး အခုကစားမယ့်ပွဲက မန်စီးတီးအတွက် ၂၇ ပွဲမြောက်ဖြစ်လို့ ပွဲပိုအနေအထားမှာ အမှတ်ဆုံးရှုံးလို့ မဖြစ်တဲ့ အခြေအနေပါ။ ချဲလ်ဆီးကလည်း အဆင့် ၅ နေရာမှာ ရပ်တည်နေရပြီး မနေ့ကပွဲစဉ်မှာ မန်ယူအသင်းက ဖူဟမ်ကိုနိုင်ထားလို့ ဒီပွဲမှာ အနိုင်ရပါမှ အဆင့် ၄ နေရာကို ပြန်လည်တက်လှမ်းနိုင်မှာပါ။

နောက်ဆုံးရသတင်းတွေ

မန်စီးတီးအသင်းမှာ နောက်ခံလူ မန်ဒီ၊ အသင်းခေါင်းဆောင် ကွန်ပနီ၊ဂိုးသမား ဘရာဗို၊တို့ ဒဏ်ရာကိုယ်စီရှိနေကြပြီး အားထားရတဲ့ တိုက်စစ်သမား ဒီဘရိုင်းကတော့ ပြီးခဲ့တဲ့အပတ်က အရန်စာရင်းမှာသာ ပါဝင်ခဲ့ပြီး ပွဲထွက်ခွင့်မရထားပေမယ့် ဒီကနေ့ပွဲမှာတော့ ပြန်လည်မြင်တွေ့ရဖို့ရှိနေပါတယ်။ ကံကောင်းတာကတော့ နောက်ထပ် အားထားရတဲ့ အင်္ဂလန်လက်ရွေးစင် စတားလင်းကတော့ ပြန်လည်ပွဲထွက်လာဖို့ ရှိနေတာပါ။

ချဲလ်ဆီးအသင်းမှာတော့ ရူဒီဂါပြန်လည်ပါဝင်လာဖို့ ရှိနေပြီး ကာဟေးလ်ဟော့ဒ်ဆန်တို့ အသေးစား ဒဏ်ရာကနေ အချိန်မီ ပြန်လည်သက်သာလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း

မန်စီးတီး - အီဒါဆင်၊ ဝေါလ်ကာ၊ စတုန်း၊ အိုတာမန်ဒီ၊ လာပေါ်တေ၊ ဒေးဗစ်ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်း၊စတားလင်း၊ အဂူရို၊ ဆာနေး

ချဲလ်ဆီး - ကီပါ၊ အက်ဇ်ပလီကျူတာ၊ ရူဒီဂါ၊ လူးဝဇ်၊ အလွန်ဆို၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ဘာကလေ၊ဝီလီယံ၊ ဟီဂူဟင်၊ ဟာဇက်တို့ အသီးသီး ပွဲထွက်လာဖို့ ရှိတယ်လို့ 90 MIN သတင်းဌာနက ခန့်မှန်းထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင် ပြိုင်ပွဲစုံ ၁၆၁ ကြိမ်တွေ့ဆုံထားရာမှာ ချဲလ်ဆီးက ၆၇ ပွဲနိုင်၊ မန်စီးတီးက ၅၅ ပွဲနိုင်ထားကာ ၃၉ ပွဲက သရေကျထားတာ သိရပါတယ်။

မန်စီးတီး နည်းပြ ဂါွဒီယိုလာဖက်ကကြည့်မယ်ဆိုရင်တော့ နှစ်သင်းကြား နောက်ဆုံး ၁၅ ကြိမ်တွေ့ဆုံ ထားရာမှာ ၇ ကြိမ်ထိ နိုင်ထားပြီး ချဲလ်ဆီးအသင်းက ၆ ကြိမ်နိုင်ထားကာ ၂ ကြိမ်ကတော့ နောက်ဆုံး ၅ နှစ်အတွင်း သရေကျထားတာ တွေ့ရပြန်ပါတယ်။

နောက်ဆုံး ၅ ပွဲ ရလဒ်များ

မန်စီးတီး

ဘာတန် ၀ - ၁ မန်စီးတီး (ကာရာဘောင်ဖလား)

မန်စီးတီး ၅ - ၀ ဘန်လေ (ပရီးမီးယားလိဂ်)

နယူးကာဆယ် ၂ - ၁ မန်စီးတီး (ပရီးမီးယားလိဂ်)

မန်စီးတီး ၃ - ၁ အာဆင်နယ် (ပရီးမီးယားလိဂ်)

အဲဗာတန် ၀ - ၂ မန်စီးတီး (ပရီးမီးယားလိဂ်)

ချဲလ်ဆီး

အာဆင်နယ် ၂ - ၀ ချဲလ်ဆီး (ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၆ - ၃ စပါး - ပင်နယ်တီအဆုံးအဖြတ် (လိဂ်ဖလား)

ချဲလ်ဆီး ၃ - ၀ ရှက်ဖီးဝင်းနက်စဒေး (အက်ဖ်အေဖလား)

ဘုန်းမောက် ၄ - ဝချဲလ်ဆီး (ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၅ - ၀ ဟတ်ဒါဖီးလ် (ပရီးမီးယားလိဂ်)

ဒီပွဲစဉ်ကိုတော့ 90 MIN က ပွဲကြို ခန့်မှန်းထားရာမှာတော့ မန်စီးတီးက ၂ - ၁ ဂိုးနဲ့ အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က