ဂွာဒီယိုလာက မန်စီးတီးကို ကွာတားဖိုင်နယ်အထိသာ အမြင့်ဆုံးပို့ဆောင်ထားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ အမှတ်ပေးဖလားကို လက်လွှတ်ရဖို့ သေချာသလောက်ရှိနေပြီး ပြည်တွင်းဖလားနဲ့ ချန်ပီယံလိဂ်ဖလားကိုသာ မန်စီးတီးက မျှော်လင့်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာစီးတီးအသင်းနည်းပြဂွာဒီယိုလာက သူတို့အသင်းချန်ပီယံလိဂ်ဖလားမဆွတ်ခူးခဲ့ရင်လည်း ကမ္ဘာကြီးပျက်သုဉ်းသွားမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ အမှတ်ပေးဖလားကို လက်လွှတ်ရဖို့ သေချာသလောက်ရှိနေပြီး ပြည်တွင်းဖလားနဲ့ ချန်ပီယံလိဂ်ဖလားကိုသာ မန်စီးတီးက မျှော်လင့်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ကြိမ်ဆွတ်ခူးခဲ့ဖူးတဲ့ ဂွာဒီယိုလာက မန်စီးတီးကိုတော့ သူ့လက်ထက်မှာ ကွာတားဖိုင်နယ်ကိုသာ အမြင့်ဆုံးပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့လည်း ဥရောပအောင်မြင်မှုမရရှိခဲ့တဲ့အပေါ် ဂွာဒီယိုလာကို ဝေဖန်မှုတွေရှိနေပြီး မန်စီးတီးနဲ့လည်း ဗိုလ်စွဲနိုင်ဖို့ အလှမ်းဝေးနေတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ 

"ဆယ်စုနှစ်တစ်ခုလောက် မန်စီးတီးက ပရီးမီးယားလိဂ်မှာပဲ ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ၊ ဒါပေမယ့် အဘူဒါဘီက ဝယ်ယူခဲ့ပြီးနောက် သူတို့က ဆယ်နှစ်အတွင်း အမှတ်ပေးဖလား ၄ကြိမ်ရခဲ့ပါတယ်၊ စီးတီးမရသေးတဲ့ ဆုဖလားက ချန်ပီယံလိဂ်ဖလားပဲရှိတော့ပြီး လူတွေကဒါကိုတောင်းဆိုတာ သဘာဝပါပဲ၊ သူတို့တောင်းဆိုမှုကလည်း ကောင်းမွန်ပါတယ်"

"ကျွန်တော်ကြိုးစားသွားမှာပါ၊ ဒီနှစ်မဟုတ်ရင်လည်း နောက်နှစ်ပေါ့၊ ဆုဖလားမရတာက ကမ္ဘာကြီးပျက်သုဉ်းသွားတာမှမဟုတ်တာ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဂွာဒီယိုလာက စပိန်ကထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်က သူအမြဲတမ်းစောင့်ကြည့်နေခဲ့တဲ့ ပွဲစဉ်လည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

"အယ်လ်ကလက်စီကိုကို သတိမရဘူးလားဆိုရင်တော့ နည်းနည်းတော့ သတိရမိတာပေါ့၊ ဒီပွဲက နှစ်တိုင်းမှာ ရာစုနှစ်ရဲ့အကောင်းဆုံးပွဲဖြစ်နေခဲ့တာပါ၊ ဒီမှာတော့ အများကြီးကွဲပြားခြားနားပါတယ်၊ မီဒီယာတွေကအစပေါ့၊ တော်တော်လေးကို ကွဲပြားခြားနားပါတယ်" လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ကစားသွားရမှာလည်းဖြစ်ပါတယ်။ 

Share

က္က