လာမယ့်အပတ်မှာ ထိပ်တိုက်တွေ့နေတာပါ။

မန်စီးတီးနဲ့ပွဲက ချန်ပီယံပြေးလမ်းမှာ ကြားဖြတ် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိလာာမှာဖြစ်ပြီး ဘာဖြစ်လာမလဲ ဆိုတာကတော့ ကြည့်ကြရအောင်လို့ ကလော့ပ်က ဖိတ်ခေါ်လိုက်ပါတယ်။

အက်စတန်ဗီလာကို ၂-၁ နဲ့ မျက်လှည့်ဆန်ဆန် အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ လာမယ့်အပတ်မှာ တွေ့ဆုံနေတဲ့ မန်စီးတီးအကြောင်း တစ်စက္ကန့်တောင် တွေးထားခြင်းမရှိဘူးလို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောခဲ့တဲ့ အကြောင်း Fox Sports Asia သတင်းဌာနက ဖော်ြပလာပါတယ်။



ရော်ဘင်ဆန်၊မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အက်စတန်ဗီလာကို အနိုင်ရခဲ့တာကြောင်း ဒုတိယနေရာက မန်စီးတီးကို မူလအတိုင်း အမှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။

“တစက္ကန့်တောင် မတွေးမိပါဘူး၊မဖြစ်မနေနိုင်ရမယ်လို့ ဘယ်တော့မှ မတွေးပါဘူး၊ကျွန်တော်တို့ရှုံးချင်လည်း ရှုံးနိုင်တာပဲလေ။ဒါပေမယ့် ကျွန်တော်က ကိုယ့်ပွဲပဲ ကိုယ်စိတ်ဝင်စားပါတယ်။ကျွန်တော်တို့ပွဲပြီးရင် အခြားအသင်း ရလဒ်ကို မေးလေ့လည်း မရှိပါဘူး။” လို့ ကလော့ပ်က ပြောခဲ့တာပါ။

လီဗာပူးအနေနဲ့ မန်စီးတီးနဲ့ မကစားခင် ကြားရက်ထဲမှာ ဂျန့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဦးမှာဖြစ်ပါတယ်။



“ထိပ်ဆုံးက အသင်းတစ်သင်းအနေနဲ့ ကွင်းလယ်မရရင် တောင်ပံက ထိုးဖောက် ကစားနိုင်ရပါမယ်၊ဒါပေမယ့် တောင်ပံကို အသုံးပြုမယ်ဆိုရင်တော့ ကွင်းလယ်မှာတော့ ဖွင့်ပေးထားရပါမယ်။ကျွန်တောတို့ ဗီလာနဲ့ပွဲမှာ ဘောလုံးတွေပေးနေဖို့ မစီစဉ်ထားပါဘူး။အင်မတန်ခက်ခဲခဲ့ပြီး နိုင်ပွဲရခဲ့လို့ ပျော်ပါတယ်။” လို့ ကလော့ပ်က ဆက် လက်ပြောပါတယ်။

လာမယ့်အပတ်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ အန်ဖီးလ်မှာ ထိပ်တိုက်တွေ့ဆုံနေပြီး နှစ်သင်းကြား ၆ မှတ်ကွာဟနေ တဲ့ အခြေအနေမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအဖြစ် ရှိနေမှာပါလို့လည်း ကလော့ပ်က ပြောခဲ့ပြီး ဘာဖြစ်လာမလဲ ဆိုတာကတော့ ကြည့်ကြရအောင်လို့ မီဒီယာတွေကိုပြောပြီး အဆုံးသတ်ခဲ့တာပါ။

Share

က္က