မာဆင်က အာဆင်နယ်အသင်းနဲ့အတူ အမှတ်ပေးဖလား ၂ ကြိမ်ရဖူးသူပါ။

နှစ်ပေါင်း ၃၀လောက်အကြာမှ ပြန်ရမယ့် အသင်းအပေါ် အခုလို ပြုမူနေကြတာ ရှက်စရာပါလို့ ပေါလ်မာဆင်က ဆိုလာပါတယ်။

အာဆင်နယ် ကစားသမား‌ဟောင်း ပေါလ်မာဆင်က လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရပ်နားထားရတဲ့ ပရီးမီး ယားလိဂ်မှာ ပွဲပြန်စဖို့ ၊လုံးဝရပ်နားဖို့ အစရှိတဲ့ အပြိုင်အဆိုင် ထင်မြင်ချက်တွေ ပေးနေတဲ့အပေါ် ဝေဖန်မှု တစ်ခု ပြုလုပ်လာပါတယ်။

Goal.comရဲ့ ဖော်ပြချက်မှာတော့ လီဗာပူးနေရာမှာ မန်စီးတီးသာ ၂၅မှတ်ဖြတ်ပြီး ဦးဆောင်နေရင် ဘယ်သူမှ ဂရု စိုက်နေမှာမဟုတ်ပဲ ဒီပြိုင်ပွဲအပေါ် အာရုံလည်း ရှိကြမှာမဟုတ်ဘူးလို့ ပေါလ်မာဆင်က ဆိုလာတာပါ။

“အခုဟာက နှစ်ပေါင်း ၃၀လောက်ဝေးကွာနေပြီးမှ ဆုဖလားရဖို့ လက်တစ်ကမ်းအလိုကိုရောက်နေတဲ့ လီဗာပူး ကြောင့်သာ အခုလိုတွေ ဖြစ်နေရတာပါ။ဒါကပြဿနာပါ၊၉ပွဲအလို ၂၅မှတ်ဖြတ်ထားတဲ့လီဗာပူးအတွက် အခုချိန် မှာ ဆုဖလားကိုင်မြှောက်ဖို့ အင်မတန်ခက်ခဲနေပါတယ်။”လို့ ပေါလ်မာဆင်က ပြောလာတာပါ။

လီဗာပူးက ဒီရာသီမှာ လိဂ်ရှုံးပွဲတစ်ပွဲသာရှိထားပြီး ဒုတိယနေရာက မန်စီးတီးကို ၂၅မှတ်အထိ အမှတ်ဖြတ်ဦး ဆောင်နေတာပါ။

ဒီအပေါ်မှာ ပေါလ်မာဆင်က မန်စီးတီးသာ ဒီအခြေအနေဆိုရင် မနှစ်ကလည်း ရနေတော့ ဘယ်သူမှ ဂရုမစိုက် တော့ပဲ နှစ်ပေါင်း ၃၀ လောက်အကြာမှ ပြန်ရမယ့် အသင်းအပေါ်မှာမို့လို့ အခုလို ဂရုတစိုက်နဲ့ပြိုင်ပွဲကို အသေး စိတ်နေတာလို့ ပြောဆိုလိုက်တာပါ။



“ကျွန်တော်သူတို့အတွက် တကယ်ခံစားရပါတယ်၊သင်္ချာနည်းအရတော့ သူတို့ ဖလားမရသေးဘူးပေါ့၊ဒါပေမယ့်  သူတို့ပဲရမှာပါ။ဒါကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိပါတယ်၊ဒါကို သိလျက်နဲ့လုပ်နေကြတာ ရှက်စရာပါ” လို့ မာဆင်က ဆက်လက်ပြောခဲ့ပြန်ပါတယ်။

မာဆင်ကတော့ အာဆင်နယ်အသင်းနဲ့အတူ အမှတ်ပေးဖလားကို ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး လက်ရှိမှာတော့ ဘောလုံးပွဲ သုံးသပ်သူအဖြစ် လုပ်ဆောင်နေပါတယ်။

Share

Loading Next Article...
က္က