ဝေဖန်နေတဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ပရီးမီးယားလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ၅ ပွဲကစားအပြီး လီဗာပူးလ်နဲ့ ၅မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။


မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက သူတို့အသင်းအနေနဲ့ ဝေဖန်မှုတွေအပေါ်မှာ သက်သေပြစရာအကြောင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသင်းရဲ့ ခံစစ်ပိုင်းပြသနာတွေအတွက် ဝေဖန်ခံနေရတဲ့အပေါ်မှာ ဘာနာဒိုဆေးလ်ဗားက ပြန်လည်တုံ့ပြန်ပြောဆိုသွားခဲ့တာလည်း ဖြစ်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ၅ ပွဲကစားအပြီး လီဗာပူးလ်နဲ့ ၅မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ကွန်ပနီထွက်ခွာသွားခဲ့ပြီးနောက် ဗဟိုခံစစ်ကစားသမားတစ်ဦးမှ မခေါ်ယူခဲ့ဘဲ ရာသီသစ်ကို ရင်ဆိုင်ခဲ့ပြီးနောက် လက်ရှိမှာ လာပေါ့တ်၊ စတုန်းစ်တို့ ဒဏ်ရာရရှိနေလို့ မန်စီးတိးခံစစ်ပိုင်းအတွက် စိုးရိမ်စရာတော့ ရှိနေခဲ့ပါတယ်။

ရှက်တာဒိုးနတ်ကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ဘာနာဒိုဆေးလ်ဗားက "လူတိုင်းမှာ ဝေဖန်ခွင့်ရှိပြီး သူတို့ပြောချင်တာကို ပြောလို့ရပါတယ်၊ ကျွန်တော်တို့ကတော့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ သက်သေပြဖို့ မလိုပါဘူး၊ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ ပြီးမြောက်အောင်လုပ်နိုင်ခဲ့ပါတယ်၊ ဒီအတွက် ကျွန်တော်တို့ လန်းဆန်းတက်ကြွနေပါတယ်"




"ကျွန်တော်တို့ ရလဒ်တွေဆိုးချိန်မှာ မပျော်ရွှင်တာမျိုးလည်း ရှိတာပါပဲ၊ နော်ဝှစ်ချ်ကို အရေးနိမ့်ခဲ့တာက မဖြစ်သင့်ပါဘူး၊ ဒါပေမယ့် အသင်းတိုင်းမှာ ကောင်းမွန်တဲ့အခိုက်အတန့်ရော၊ ဆိုးရွားတဲ့အခိုက်အတန့်ရော ရှိတတ်ကြပါတယ်" လို့ ဘာနာဒိုဆေးလ်ဗားက ပြောဆိုခဲ့ပါတယ်။ ခံစစ်ပိုင်းပြသနာရှိနေခဲ့ပြီးနောက် ကွင်းလယ်လူဖာနန်ဒင်ဟိုက ရှက်တာဒိုးနတ်နဲ့ပွဲမှာ ဗဟိုခံစစ်ကစားသမားအဖြစ် ကစားပေးခဲ့ရပါတယ်။

ဖာနန်ဒင်ဟိုက အော်တာမန်ဒီနဲ့ တွဲဖက်ကစားခဲ့ရတာဖြစ်ပြီး အဆိုပါကစားသမားနှစ်ဦးက အသင်းခံစစ်ပိုင်းကို အကောင်းဆုံးဖြစ်စေမယ်လို့လည်း ဘာနာဒိုဆေးလ်ဗားက ယုံကြည်နေပါတယ်။ "ပြီးခဲ့တဲ့ရာသီမှာလည်း ဖာနန်ဒင်ဟိုက အဲဒီနေရာမှာ ကစားခဲ့ဖူးပါတယ်၊ သူကဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်ပြီး ပွဲတစ်ပွဲအပေါ် ကောင်းကောင်းသုံးသပ်နိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်" လို့ ဘာနာဒိုဆေးလ်ဗားက ထပ်ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က