မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ လီဗာပူးအသင်းကို အမှတ်လျော့စေချင်နေပေမယ့် ၎င်းရဲ့အာရုံစူးစိုက်မှုဟာ မန်စီးတီးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာသာရှိကြောင်း ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ လီဗာပူးထက် ၁ ပွဲ ပိုကစားထားပြီး ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ဆေးလ်ဗားက မန်စီးတီးရဲ့ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အသာရရှိဖို့အတွက် မြို့ခံပြိုင်ဘက် မန်ယူအသင်းပေါ် မှီခိုနေခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ်တွေအပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက လီဗာပူးကို အမှတ်လျော့စေချင်ပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ်ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
“ဟုတ်တာပေါ့။ သူတို့တွေ အမှတ်လျော့သွားရင် ပိုတောင်ကောင်းသွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး နည်းပြတစ်ဦးတည်း မဟုတ်ဘူး၊ ကစားသမားတွေအားလုံးပါ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်နေတယ်လို့ ပြောလို့ရမယ် ထင်ပါတယ်”
“ကျွန်တော်တို့ နိုင်ပွဲမရဘူးဆိုုရင် သူတို့တွေ ဘာလုပ်လုပ် အရေးမပါတော့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့အသင်း နိုင်ပွဲရရှိဖို့က လက်ရှိအချိန်မှာ အရေးအကြီးဆုံးပါပဲ”လို့ ချယ်ဆီးနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။