လီဗာပူးနဲ့ ၆ မှတ်ကွာဟနေတာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို ရယူဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ နည်းပြ ပက်ဂွါဒီယိုလာက ဝန်ခံပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ခရစ်စတယ်ပဲလေ့စ်အသင်းအိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်မရရှိမီမှာ ဝုဗ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၆ မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။



အင်္ဂါနေ့မှာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမယ့် မန်ချက်စတာစီးတီးအသင်းဟာ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ပြည်တွင်းဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသောအသင်းအဖြစ် စံချိန်သစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးနည်းပြဂွါဒီယိုလာက ၎င်းအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကြီးစိုးနိုင်ဖို့အတွက် နီးကပ်ခြင်းတောင် မရှိသေးဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“လူတွေက ချန်ပီယံလိဂ်အကြောင်းပြောကြတယ်။ ဒါက ပစ်မှတ်ပါ။ ကျွန်တော်တို့ အဆင်သင့်ကို မဖြစ်သေးပါဘူး”

“ကျွန်တော်တို့ အများကြီးဖန်တီးနိုင်ခဲ့ပြီး ဂိုးမပေးခဲ့ရပါဘူး။ ဒါပေမယ့် ဒီထက်ပိုတိုးတက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီမှာ ကျွန်တော်တို့ ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ပြီး အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် သံသယမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကြီးစိုးနိုင်ဖို့အတွက် အလုပ်လုပ်ရပါဦးမယ်”လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က