လီဗာပူးအသင်းအနေနဲ့ အဆင့်-၁ နေရာကို ဆက်ပြီးထိန်းထားနိုင်ဆဲပါ။

ပွဲစဉ် ၁၂အပြီး ၃ပွဲမြောက် အရှုံးရလဒ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာအမှားခံလို့မရေ တာ့တာလည်းဖြစ်ပါတယ်။

ဂိုးသမားအီဒါဆန်ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ မန်စီးတီးခံစစ်အမှားများနေခဲ့တဲ့အတွက် ဒီဘရိုင်း၊ အဂူရို၊ စတာ လင်းတို့ ဦးဆောင်လာပေမယ့် ဆာလက်ဒ်၊ မာနေးလ်၊ ဖာမီနို်တို့ဦးဆောင်လာတဲ့ လီဗာပူးကို ခက်ခက်ခဲခဲရင်ဆို င်ခဲ့ရပါတယ်။

ပွဲစစချင်းမှာတင် လီဗာပူးအသင်းရဲ့ တရစပ်တိုက်စစ်ဆင်မှုများက မန်စီးတီးခံစစ်ကို အလုပ်ရှုပ်စေခဲ့တယ်လို့ဆို ရမှာပါ။ အထူးသဖြင့် အထနှေးနေတဲ့ မန်စီးတီးရဲ့ကစားကွက်ကို လီဗာပူးတို့ အခွင့်ကောင်းယူကစားခဲ့ပြီး ဦး ဆောင်ဂိုးတွေကို ဆက်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅မိနစ်မှာ မန်စီးတီးတို့ ဂိုးရဖို့အခွင့်အရေးရရှိခဲ့ပြီး လီဗာပူးနောက်ခံလူအာနိုးလ် လက်နဲ့ထိခဲ့တာကိုငြင်းပ ယ်ခံခဲ့ရပြီးပြီးချင်း တန်ပြန်တိုက်စစ်ကို ချက်ချင်းအစပြုခဲ့တဲ့ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကိုကွင်းလယ် ကစားသမာဖာဘင်ဟိုက ၁၈ကိုက်စည်းထိပ်ကနေ အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ပွဲချိန် ၁၃မိနစ်မှာ ရော်ဘင်ဆင်ရဲ့ တည်ကျတဲ့ ဖြတ်တင်ဘောကို လီဗာပူးတိုက်စစ်မှူးဆာ လက်ဒ်က အငြင်းပွားဖွယ်ရာလူကျွံအနေအထားကနေ ခေါင်းတိုက်ဂိုးသွင်းသွားတဲ့အတွက် မန်စီးတီးတို့ ၂ဂိုးဆ က်တိုက်ပေးလိုက်ရပါတယ်။



နောက်ပိုင်းပွဲချိန်တွေမှာ မန်စီးတီးတို့ ချေပဂိုးတွေဆက်တိုက်ရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အချို့နဲ့ အတူ လီဗာပူးနောက်တန်းကစားသမားတွေရဲ့ အတည်ငြိမ်ဆုံးဖျက်ထုတ်နိုင်ခဲ့ခြင်းများက မန်စီးတီးအတွက်အ ခက်အခဲဖြစ်စေခဲ့ပြီး ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်အစမှာလည်း လီဗာပူးကပဲ ပွဲကိုဦးဆောင်ခဲ့ပြီး မန်စီးတီးကတော့ ဂိုးရဖို့အတွက်ပဲ တိုက်စစ်ကိုအ လွန်အကျွံအားစိုက်ခဲ့ရပါတယ်။ ပွဲချိန် ၅၁မိနစ်မှာတော့ လီဗာပူးတိုက်စစ်မှူးမာနေးလ်က အသင်းအတွက်အနိုင် သေချာစေမယ့် တတိယမြောက်ဂိုးကို မန်စီးတီးနောက်ခံလူတွေရဲ့ ပေါ့လျော့မှုကို အကောင်းဆုံးအသုံးချပြီးဂိုး အဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။၃ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးတဲ့နောက် မန်စီးတီးတို့ တိုက်စစ်ကို အလွန်အကျွံလိုက်ပါခြင်းမရှိတော့ဘဲ ကစားအားအ နည်းကျလာတဲ့ အဂူရိုနေရာမှာ ဂါဘရီရယ်ဂျီဆက်ကိုထည့်ပြီးတိုက်စစ်ကို မြှင့်ခဲ့ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယို လာရဲ့ လူစားလဲဗျူဟာမှန်ကန်ခဲ့ပြီး ပွဲချိန် ၇၈မိနစ်မှာ ဘာနာဒိုဆေးလ်ဗားကို လိုအပ်နေတဲ့ချေပဂိုးတစ်ဂိုးကိုပြန် ယူပေးနိုင်ခဲ့ပါတယ်။

ချေပဂိုး ၁ဂိုးပြန်ပေးခဲ့ရတဲ့အတွက် လီဗာပူးခံစစ်ဖိအားဝင်လာခဲ့ပြီး မန်စီးတီးအသင်းကလည်း စတာလင်း၊ ဂါဘ ရီရယ်ဂျီဆက်တို့ရဲ့တိုးအားလှုပ်အားတွေနဲ့ တရစပ်ခြိမ်းခြောက်တိုက်စစ်ဆင်မှုတွေပြုလုပ်လာခဲ့ပါတယ်။ စတာ လင်းကို မာနေးလ်၊ အာနိုးလ်တို့ အကြိမ်ကြိမ်ဖျက်ထုတ်ပုံကြမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗီယာရဲ့ လျစ်လျူရှုခြင်းခံခဲ့ရလို့ မန်စီးတီးနစ်နာခဲ့ရပါတယ်။နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးတို့ခံစစ်ပိုင်းကို ပိုမိုအားစိုက်ခဲ့တဲ့အတွက် မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ၇၀- ၃၀ အထိ ရရှိခဲ့ပြီး ပွဲကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးဆုံးချိန်အထိ ချေပဂိုးတွေထက်မရတော့လို့လီ ဗာပူးကပဲ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

Share

က္က