မိုက်ကယ်အိုဝင်က ပရီးမီးယားလိဂ် ပွဲကြိုတွေကို ပုံမှန်သုံးသပ်နေသူ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်အရ နှစ်နှစ်ဆက် ချန်ပီယံ ပထမဆုံးအကြိမ်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် နိုင်ပွဲစယူမယ့် အာဆင်နယ်အသင်းတို့ အခြေအနေ အကောင်းနေပါတယ်။



Photo - Sports-nova

 

ဒီကနေ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက အစောဆုံး ပွဲစဉ်ဖြစ်တဲ့ ဝုလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်နဲ့ အာဆင်နယ် - ဝက်စ်ဟမ်း အသင်းတို့ပွဲစဉ်ကို အင်္ဂလန်လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဘောလုံးကိုပဲ အာရုံစိုက်ဖို့ ရမ်ဆေးကို အမ်မရီ သတိပေး 

Photo - YouTube

ဝုလ် - မန်စီးတီး

-----------------

ဝုလ်အသင်းကတော့ ပြီးခဲ့တဲ့ အပတ်က လက်စတာစီးတီးအသင်းကို အခွင့်အရေးကောင်းအသုံးမချနိုင်ခဲ့မှုနဲ့အတူ ရှုံးနိမ့်ခဲ့ရပါတယ်။ဒီကနေ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတာကတော့ ဝုလ်အသင်းအတွက် မလွယ်ကူလှပါဘူး။ မန်စီးတီးအသင်းက ဒီနှစ်မှာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နှစ်နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ကြိုးစားလာမှာပါ။အဖွင့်ပွဲ ၂ ပွဲစလုံးမှာလည်း ချန်ပီယံ ခြေစွမ်းပြထားပါတယ်။ ဒီပွဲမှာတော့ ဒီနှစ်မှာခေါ်ယူထားတဲ့ မာရက်ဇ်ကို ပွဲထုတ်လာဖွယ်ရှိသလို မနှစ်က ခြေစွမ်းမပြနိုင်သလောက် ဒီနှစ်မှာ နောက်တန်းလို့ ပြောမရတဲ့ ခြေစွမ်းတွေ ပြနေတဲ့ မန်ဒီကြောင့်လည်း မန်စီးကာသာလျှင် လိုအပ်နေတဲ့ ၃ မှတ်ကို အပိုင်ရယူသွားဖို့ရှိပါတယ်။

Photo - YouTube

 

ခန့်မှန်းလဒ် - ဝုလ် ၁-၃ မန်စီးတီး

အာဆင်နယ် - ဝက်စ်ဟမ်း

--------------------------

အာဆင်နယ်တိုက်စစ်က ထက်မြက်တယ်ဆိုတာ ချဲလ်ဆီးနဲ့ပွဲမှာ ပုံရိပ်တချို့ မြင်တွေ့ခဲ့ရပါတယ်။ ဂိုးမရသေးတဲ့ တိုက်စစ်မှူး အူဘာမီယန်းလည်း ဒီကနေ့ပွဲမှာ ပထမဆုံးဂိုးရဖို့ ကြိုးပမ်းလာမှာပါ။ နောက်ပြီးဒီနေ့ပွဲမှာ အူဘာမီယန်းနဲ့ လာကာဇက်တီကို တွဲကစားပေးခဲ့မယ်ဆိုရင်လည်း အံ့အား သင့်စရာမရှိပါဘူး။ အာဆင်နယ်အသင်းရဲ့ နောက်တန်းကတော့ အနည်းငယ် လိုအပ်ချက်ရှိနေပေမယ့် ဒီနေ့ပွဲကတော့ အာဆင်နယ်အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲစရမယ့်နေ့လို့ ထင်ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ပြီးခဲ့တဲ့ အပတ်က ဘုန်းမောက်ကို ဦးဆောင်ဂိုး ရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရလို့ ရှုံးနိမ့်ထားပြီး အိမ်ကွင်းမှာ ရှုံးနိမ့်ထားလို့ ဒီကနေ့ အဝေးကွင်းပွဲမှာ နိုင်ပွဲလိုနေတဲ့အာဆင်နယ်ကို ယှဉ် ကစားဖို့ မဖြစ်နိုင်ပါဘူး။

ခန့်မှန်း ရလဒ် - အာဆင်နယ် ၂ - ၁ ဝက်စ်ဟမ်း

မန်စီးတီးအသင်းပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားမှာ ဖြစ်သလို အာဆင်နယ်ပွဲကိုတော့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က