ဒုတိယနေရာကနေ လီဗာပူးအသင်းနဲ့ ၂ မှတ်အကွာမှာ ဆက်လက်ရပ်တည်နိုုင်ခဲ့ပါတယ်။

ယနေ့ည ၈ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ လက်စတာစီးတီး အသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး လက်စတာစီးတီးအသင်းက တရကြမ်းတိုက်စစ်ဆင်ခဲ့ပြီး အိမ်ရှင်စပါးအသင်းက ခပ်ကြမ်းကြမ်းတုံ့ပြန်ကစားခဲ့ပါတယ်။ ၃၃ မိနစ်မှာ အဲရစ်ဆင်ရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ဒါဗင်ဆင်ဆန်းချက်ဇ်က စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



ဒုတိယပိုင်း ၅၈ မိနစ်မှာ မက်ဒီဆင်ကို ဗာတွန်ဂန် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ လက်စတာစီးတီးအသင်းက ခြေစွမ်းမပြနိုင်တဲ့ ဂရေးကိုထုတ်ပြီး ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီကို ထည့်သွင်းကစားစေခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောကို လူစားဝင်လာတဲ့ ဂျေမီဗာဒီက ကန်သွင်းခဲ့ပါတယ်။

ဒါပေမယ့် ဗာဒီရဲ့ကန်သွင်းမှုကို စပါးအသင်းဂိုးသမား လိုရစ်က ကာကွယ်နိုင်ခဲ့တာကြောင့် လက်စတာစီးတီးအသင်း ချေပဂိုးရရှိမယ့် အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။ ၆၃ မိနစ်မှာ လိုရန်တေးရဲ့ ပေးပို့မှုကနေတဆင့် အဲရစ်ဆင်က စပါးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လက်စတာစီးတီးအသင်းဟာ ၇၆ မိနစ်မှာ ရီကာဒိုပါရဲရားရဲ့ဖန်တီးပေးမှုကို လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဗာဒီက အဆုံးသတ်နိုင်ခဲ့ပြီး ပထမချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းပြီးဆုံးလို့ နာကျင်အချိန်ပို ၉၁ မိနစ်မှာ ဆွန်ဟောင်မင်က ဆစ်ဆိုခိုရဲ့ဖန်တီးမှုကနေတဆင့် စပါးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

လက်စတာစီးတီးအသင်းဟာ ပွဲပြီးဆုံးတဲ့အချိန်အထိ နောက်ထပ်ချေပဂိုး ထပ်မံရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ စပါးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံး ၂ နေရာက မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က