ဘဏ္ဍာရေးစည်းမျဉ်းအရ အရေးယူခံထားရတဲ့ မန်စီးတီးအသင်းအနေနဲ့ အယူခံကျရှုံးခဲ့ပါက နည်းပြဂွါဒီယိုလာ ကို ဆုံးရှုံးရဖို့ရှိနေခဲ့တာပါ။
မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ၂နှစ်ပိတ်ပင်ခံရမှုအပေါ်နိုင်ငံတကာအားကစားခုံရုံး သို့ အယူခံတင်သွင်းထားပေမယ့် ကျရှုံးခဲ့ပါက နည်းပြဂွါဒီယိုလာကို သေချာပေါက်လက်လွှတ်ရဖွယ်ရှိနေတယ် လို့ သုံးသပ်ဖော်ပြမှုတွေရှိလာခဲ့ခြင်းကို dailymail.com က ဖော်ပြလာပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်းအရ ချိုးဖောက်မှုများရှိခဲ့တဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထား ရတဲ့ မန်စီးတီးအသင်းအနေနဲ့ အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်နေရပြီး အယူခံတင်သွင်းမှုမှာလည်းအော င်မြင်နိုင်ခြေအနည်းဆုံးဖြစ်နေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
“ ဂွါဒီယိုလာအနေနဲ့ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိနေတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကိုအမြဲလို အပ်နေတဲ့ နည်းပြတစ်ဦးကတော့ အသင်းမှာဆက်ရှိနေဖို့မသေချာပါဘူး။ မန်စီးတီးအသင်းကို အရေးယူမှုပြုလု ပ်ခဲ့ပြီဆိုရင် ဂွါဒီယိုလာအနေနဲ့ သေချာပေါက်အသင်းကနေ ထွက်ခွာသွားမှာပါ ” လို့အာဆင်နယ်ကစားသ မားဟောင်းပီတစ်က သုံးသပ်ပြောဆိုလိုက်တာပါ။
လက်ရှိသတင်းထွက်ပေါ်မှုတွေအရ မန်စီးတီးအသင်းအနေနဲ့ အားကစားခုံရုံးစီတင်သွင်းထားတဲ့ အယူခံကိုပယ် ချခံရနိုင်ခြေအများဆုံးရှိနေခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအား သေချာပေါက်လွဲချော်နိုင်တဲ့အခြေအနေတစ်ရပ်ကိုရင် ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ယူအီးအက်ဖ်အေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ပတ်သက်ပြီး စစ်ဆေးမယ့် အစီအစဉ်ကို လက်ရှိမှာရွှေ့ဆိုင်းထားပေမယ့် မန်စီးတီးအသင်းရဲ့ ပြစ်ဒဏ်ကိုတော့ အပြီးသတ်ဆုံးဖြတ်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။