မျက်နှာချင်းဆိုင် သွားရောက်တောင်းပန်ခဲ့တာပါ။

ချယ်ဆီးအသင်းနောက်ခံကစားသမား ရူဒီဂါဟာ တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပရိသတ်တွေနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဒေါသထွက်နေတဲ့ပရိသတ်တွေကို တောင်းပန်စကားပြောခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ ပထမပိုင်း ၂၅ မိနစ်အတွင်း ၄ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ၁၉၉၁ ခုနှစ်က နော့တင်ဟမ်ဖောရက်စ်အသင်းကို ၇-၀ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးခရာမှုတ်သံအပြီးမှာ ရူဒီဂါဟာ အဝေးကွင်းပရိသတ်တွေကို ထိပ်တိုက်တွေ့ဆုံပြီး သွားရောက်တောင်းပန်ခဲ့တဲ့ကစားသမားအနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တိုင်းက ယင်းအပြုအမူနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘဲ အသင်းရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်အတွက် ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့ကြပါတယ်။

Football.London ရဲ့သတင်းအရ ရူဒီဂါဟာ ဒေါသတကြီးလက်ညှိုးထိုးအော်ဟစ်နေတဲ့ ပရိသတ်ကို “ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်လို့ ပြောဖို့ လာခဲ့တာပါ။ ခင်ဗျား ပြောစရာတစ်စုံတရာရှိမယ်ဆိုရင် ကျွန်တော့်ရှေ့မှာလာရပ်ပြီး ပြောပါ”လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရူဒီဂါဟာ ပရိသတ်တွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုဖို့အတွက် အရံအတားတွေကို ကျော်ဖြတ်လို့ရမလားလို့ အီတီဟတ်ကွင်းလုံခြုံရေးတွေကိုတောင် မေးမြန်းခဲ့ပြီး နောက်ဆုံးမှာတော့ ပရိသတ်တစ်ဦးကို အကျႌချွတ်ပေးခဲ့ပြီး ဥမင်လျှောက်လမ်းထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က