မနက်ဖြန်မှာ ကစားသွားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးလ်က အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ရှုံးပွဲတစ်ပွဲတည်းသာရှိခဲ့ပြီး အဆိုပါရှုံးပွဲကလည်း မန်စီးတီးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။


မန်စီးတီးအသင်းနဲ့ ကစားရမယ့် တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်က သူတို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကလို အဖြစ်မျိုးကို ထပ်အဖြစ်ခံမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်က အိမ်ကွင်းမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ရမှတ် ၆ မှတ်အသာစီးရရှိထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးလ်က အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ရှုံးပွဲတစ်ပွဲတည်းသာရှိခဲ့ပြီး အဆိုပါရှုံးပွဲကလည်း မန်စီးတီးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သရေပွဲတွေများပြားခဲ့လို့ မန်စီးတီးကို ရမှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီးမှ ပြန်လည်ကျော်တက်ခြင်းခံခဲ့ရပြီး တစ်မှတ်အကွာနဲ့ ဒုတိယနေရာသာ ရရှိခဲ့ပါတယ်။

"မနှစ်ကလိုမျိုး ခံစားချက်မျိုးကို ကျွန်တော်တို့ နောက်ထပ်မခံစားချင်တော့ပါဘူး၊ ပြီးခဲ့တဲ့ရာသီမှာ တစ်မှတ်ပဲကွာဟခဲ့ပေမယ့် ဒုတိယနေရာပဲ ရခဲ့ပါတယ်၊ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရတာ ဘယ်ပွဲကြောင့်လဲဆိုတာ ကျွန်တော်တို့မသိပေမယ့်လည်း သရေပွဲအနည်းငယ်များခဲ့ပါတယ်၊ မန်စီးတီးကိုလည်း အဝေးကွင်းမှာ ရှုံးခဲ့ပြီး အဲဒီပွဲကို သရေ ဒါမှမဟုတ် အနိုင်ကစားခဲ့သင့်တာပါ"

"ဒါပေမယ့် ဒီလိုဖြစ်ခဲ့တာက ပရီးမီးယားလိဂ်ဖလားရယူချင်တယ််ဆိုရင် ကျွန်တော်တို့အဖက်ဖက်က ပြည့်စုံမှဖြစ်မယ်ဆိုတာကို နားလည်ခဲ့ရပါတယ်၊ အမှတ်ပေးဖလားကို ကျွန်တော်တို့ ဆွတ်ခူးချင်မိပြီး အဲဒီအတွက်လည်း ကြိုးစားအားထုတ်သွားမှာပါ" လို့ အယ်လစ်ဆန်က ပြောခဲ့ကြောင်း Metro သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။


လီဗာပူးလ်ကတော့ လက်ရှိပရီးမီးယားလိဂ်ပွဲ ၁၁ပွဲကစားအပြီးမှာ ၁ဝပွဲအထိ အနိုင်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ မန်စီးတီးကတော့ ရှုံးပွဲ ၂ပွဲအထိ ရှိထားခဲ့ပြီး လီဗာပူးလ်နဲ့ ၆ မှတ်ကွာဟနေတာကြောင့် မနက်ဖြန်ကစားရမယ့်ပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပါတယ်။

Share

က္က