မတ်လ ၂၉ ရက်နေ့ကစတင်ပြီး အခြေခံ စားသောက်ကုန်ဆိုင်တွေနဲ့ ဆေးဆိုင်တွေကလွဲလို့ ယာယီပိတ်ခိုင်းထားပါတယ်။

"မန္တလေးမှာလည်း Positive တစ်ဦးတွေ့တယ်၊ မနေ့ကဆိုရင်လည်း ရန်ကုန်မှာ ပြည်တွင်းနေတစ်ဦးလည်းကူးစက်မှုတွေ့ရတယ်ဆို တော့ ဒီသတင်းတွေအပေါ်မှာမူတည်ပြီးတော့ စျေးယာယီပိတ်ဖို့ဒီနေ့မနက် ၁၀ နာရီမှာလုပ်တဲ့အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာပါ၊ မနက်ဖြန်(မတ် ၂၉ ရက်)ကစပြီးတော့ စျေးယာယီပိတ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်" လို့ စျေးအကျိုးတော်ဆောင်အတွင်းရေးမှူးဦးမျိုးမင်းထွန်းက Duwun ကိုပြောပါတယ်။

မန္တလေးအဆင့်မြင့်စျေးချိုတော်နဲ့တိုက်တန်းကြီးအတွင်းက စျေးဆိုင်တွေကို အခြေခံစားသောက်ကုန်ဆိုင်တွေနဲ့ဆေးဆိုင်တွေကလွဲလို့ ယာယီပိတ်ခိုင်းထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ စျေးယာယီပိတ်ဖို့ဒီနေ့မနက် ၁၀ နာရီမှာလုပ်တဲ့အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာပါ၊ မနက်ဖြန်ကစပြီးတော့ စျေးယာယီပိတ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်လို့ သိရပါတယ်။



ဒါဟာ စျေးဆိုင်တွေအားလုံးပိတ်ခိုင်းထားလိုက်တာမျိုးတော့မဟုတ်ဘဲ အခြေခံစားသောက်ကုန်တွေနဲ့ဆေးဆိုင်တွေကို စည်းစနစ်တ ကျနဲ့ဆက်လက်ဖွင့်လှစ်ရောင်းချခွင့်ပြုထားတယ်လို့သိရပါတယ်။

"စျေးပိတ်မယ်ဆိုတော့ အများပြည်သူစိုးရိမ်ထိတ်လန့်နေတာရှိတာပေါ့၊ ဒါတွေကိုကြိုတင်တွက်ဆပြီးတော့စီစဉ်ထားပါတယ်၊ အလှကုန် တန်းတွေပိတ်ပေမယ့် အခြေခံစားသောက်ကုန်တန်းတွေ သားငါးတန်းတွေ ကုန်ခြောက်တန်းတွေကိုတော့ အချိန်အကန့်အသတ်နဲ့ ရောင်းချခွင့်ပြုသွားမှာပါ" လို့လည်းလို့ စျေးအကျိုးတော်ဆောင်အတွင်းရေးမှူးဦးမျိုးမင်းထွန်းက Duwun ကိုပြောပါတယ်။

မန္တလေးမြို့က မန္တလေးမြို့တော်စည်ပင်သာယာပိုင်စျေးပေါင်းလေးဆယ်ကျော်ခန့်ကိုလည်း အခြေခံစားသောက်ကုန်နဲ့ဆေးဆိုင်တွေ ကလွဲလို့ ရက်အကန့်အသတ်မရှိယာယီပိတ်ထားခိုင်းထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦး က Duwun ကိုပြောပါတယ်။

မန္တလေးမြို့ရဲ့အထင်ကရစျေးကြိးတစ်ခုဖြစ်တဲ့ ရတနာပုံစျေးအထည်တန်းနဲ့ပန်းကန်တန်းတို့ကိုလည်း ရက်အကန့်အ သတ်မရှိပိတ်ထားမှာဖြစ်တယ်လို့ရတနာပုံစျေးအကျိုးတော်ဆောင်အဖွဲ့က တရားဝင်ကြေညာချက်ထုတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က