ရေနစ်သေဆုံးသူအမျိုးသားဟာ ယာဉ်မောင်းလိုင်စင်အရ မန္တလေးပုသိမ်ကြီးမြို့နယ်ထဲကဖြစ်ပြီး အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက အိမ်စီးကားတစ်စီး ကျုံးအတွင်းထိုးကျသွားခဲ့တာမှာ ကားပေါ်ပါအမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ်၁၉ လမ်းနဲ့ ၆၆လမ်းမီးပွိုင့်အနီးအရှေ့ကျုံးအတွင်းထိုးချသွားခဲ့တာဖြစ်ပြီး ကားက ၁၉ လမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကိုမောင်းနှင်လာစဉ် မီးပွိုင့်အရောက်မှာအရှိန်မထိန်းနိုင်ဘဲ ကျူံးအတွင်းထိုးကျသွားခဲ့တာဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လတ်တလောသုံးသပ်ပြောဆိုထားပါတယ်။ ရေထဲထိုးကျစဉ်ကားပေါ်ပါလာသူအရေအတွက်ကိုတော့ လက်ရှိအခြေအမှောစုံစမ်းဆောင်ရွက်နေဆဲဖြစ်ပြီး Myanmar Rescue(ချမ်းအေးသာစံမြို့နယ်)မှ ကူညီကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သူတစ်ဦးက ဖြစ်စဉ်ကို Duwun ကိုပြောပြခဲ့ပါတယ်။ 

"လောလောဆယ် ကျွန်တော်တို့ရှာလိုက်တာကတော့ တစ်ယောက်ပဲတွေ့တယ်၊ နှစ်ယောက်ပါတယ်လို့ပြောတယ်၊ ဒါပေမယ့် လိုက်ရှာကြည့်တော့လည်းမတွေ့ပါဘူး၊ Air Bag တော့နှစ်ခုစလုံးပွင့်တယ်၊ ကျွန်တော်တို့ဆယ်တုန်းကအသက်ရှိသေးတယ်၊ ဆေးရုံရောက်တော့ဆုံးသွားပြီ" လို့ သူကပြောပါတယ်။ ရေနစ်သေဆုံးသူအမျိုးသားဟာ ယာဉ်မောင်းလိုင်စင်အရ မန္တလေးပုသိမ်ကြီးမြို့နယ်ထဲကဖြစ်ပြီး အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က