သြဂုတ်လ ၁၆ ရက်ကစပြီး ခွင့်ပြုပေးခဲ့တာပါ။

ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်စောင့်တာ၊ သက်ဆိုင်ရာ ဘုရားကျောင်း၊ ဗလီနဲ့ ဟိန္ဒူကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာတွေကို တစ်လမှာ လေးရက်နဲ့ တစ်ကြိမ်ကို လူ ၃၀ ဦးထက်မပိုဘဲ ပြုလုပ်ဖို့ ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။

သြဂုတ်လ ၁၆ ရက်ကစပြီး မန္တလေးတိုင်းမှာ သီတင်းသီလဆောက်တည်ခြင်း၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်နဲ့ အညီ ပြန်လည်ခွင့်ပြုပေးလိုက်တာလို့ မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



အခုလို ဘာသာရေးဆိုင်ရာ ဥပုသ်သီလဆောက်ခြင်းနဲ့ ဝတ်ပြုဆုတောင်းခြင်းတို့ကို လူအကန့်အသတ် အချိန်အကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြုလိုက်ပေမယ့်လည်း ဘုရားပုထိုးစေတီတွေကို ဝင်ရောက်ဖူးမျှော်ခွင့်မပြုသေးဘူးလို့လည်းသိရပါတယ်။

ဖူးမျှော်ဝတ်ပြုခွင့်တောင်းခံလာပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီထံတင်ပြရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှာသာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးမယ်လို့လည်း ကြေညာထားပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီက သြဂုတ်လ ၃၁ ရက်အထိ ထုတ်ပြန်ထားတဲ့ ကန့်သတ်တားမြစ်ချက်တွေကိုတော့ ဆက်လက်လိုက်နာရဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က