စုစုပေါင်း (၅)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းက မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူတစ်ဦးအား လူငယ်(၆)ဦးက အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွါးခဲ့ပါတယ်။ 

photo- ရွှေမဥ္ဇူအသင်း

အဆိုပါ ဓားခုတ်ခံရတဲ့မြင်ကွင်းကို မြင်တွေ့ရတဲ့ ပတ်ဝန်းကျင်ကလူတွေက ဝိုင်းပြီး အနိုင်မကျင့်ကြဖို့ ဝင်ရောက်တားပြီး တောင်းပန်ကြတဲ့အခါ အဆိုပါ တားတဲ့သူတွေကိုပါ ဓားနဲ့ခုတ်မှုဖြစ်ပွါးခဲ့တာပါ။

“ လူတစ်ယောက်ကို ဓားနဲ့ဝိုင်းခုတ်နေလို့ဆိုပြီး ပတ်ဝန်းကျင်ကလူတွေက ဝင်တားတာကို ဝင်တားတဲ့သူတွေပါ ခုတ်သွားတာ။ အားလုံး (၇)ယောက်မှာ(၅)ယောက်အခုတ်ခံရတာပေါ့။ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ အခု ဒဏ်ရာရရှိတဲ့သူတွေကတော့ လက်ရှိဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ခဲ့တဲ့ ရွှေမဥ္ဇူအသင်းမှ ကိုအောင်စိုးဦးက Duwun ကိုပြောပါတယ်။

photo- ရွှေမဥ္ဇူအသင်း

ဓားနဲ့ခုတ်သွားတဲ့ လူငယ် (၆)ဦးစလုံးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 

ဓားနဲ့ အခုတ်ခံရတဲ့သူတွေဟာ ဦးခေါင်းနဲ့ နောက်ကြောတွေမှာ အခုတ်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံမပို့ခင်မှာ ပရဟိတအဖွဲ့မှ အရေးပေါ်ကယ်ဆယ်ရေးအနေနဲ့ ဒဏ်ရာတွေကိုသွေးထွက်မလွန်အောင် အရင်ဆုံးဆေးကုသဆောင်ရွက်ပေးပြီးမှ လူနာတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ 

ဖြစ်စဉ်က မနေ့ကည (၉:၃၀)အချိန်လောက်မှာဖြစ်ပွါးခဲ့တာဖြစ်ပြီး ဖြစ်စဉ်အတွင်းမှာတော့ ဒေသတွင်းပရဟိတအသင်းတွေဖြစ်တဲ့ ရွှေမဥ္ဇူပရဟိတအသင်းနဲ့ မနော်မာ အသင်းတို့မှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က