ငွေကျပ်(၁၀၀၀)ဆီတောင်းပြီး mask နှစ်ခုပြန်ပေးခဲ့တာပါ။

မန္တလေးမှာ နှာခေါင်းစည်းမတပ်ရင်အရေးယူမယ့်စနစ် စတင်ကြေညာပြီးတဲ့နောက် နှစ်ရက်အတွင်းမှာပဲ အရေးယူခံရသူ ၃၈ ဦး ရှိခဲ့ပါတယ်။

မြို့နယ်နှစ်ခုရဲ့ဈေးနှစ်ခုအတွင်း အချိန်တစ်နာရီခန့် ပညာပေးကမ်းပိန်းလိုက်လံဆောင်ရွက်နေစဉ် နှာခေါင်းစည်းစနစ်တကျ တပ်မလာသူ နဲ့ နှာခေါင်းစည်းပါမလာသူတွေကို အရေးယူခဲ့တာဖြစ်ပါတယ်။ 



" mask မတပ်ရင်ဘဲဖြစ်ဖြစ်၊ တပ်ပြီး မေးစေ့အောက်မှာ စနစ်တကျ မတပ်ထားတဲ့သူတွေကို အရေးယူမှုတွေဆောင်ရွက်ခဲ့တာပါ။ တစ်ယောက်ကို mask နှစ်ခုပေးပြီး တစ်ယောက်ကို ငွေကျပ် (၁၀၀၀)နှုန်းနဲ့ ဒဏ်ငွေရိုက်တာ အားလုံး (၃၈)ယောက်ရှိပါတယ်" လို့ ပုသိမ်ကြီး စည်ပင် ဥက္ကဌ ဦးညွန့်ဆန်းက Duwun ကိုပြောပါတယ်။ 

အိမ်ပြင်ထွက်တဲ့အခါ နှာခေါင်းစည်းစနစ်တကျတပ်မလာရင် ပညာပေးကာလအဖြစ် သတ်မှတ်ထားတဲ့ မေလ ၉ ရက်ကနေ ၁၅ ရက်နေ့ အထိ နှာခေါင်းစည်းနှစ်ခုကို ငွေကျပ်တစ်ထောင်နဲ့ဝယ်ယူရမယ် ၊ပညာပေးကာလအလွန်မှာတော့ နှာခေါင်းစည်းနှစ်ခုကို ငွေကျပ်ငါးထောာင်နဲ့ဝယ်ယူရမယ်ဆိုပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ မေလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

" အများစုကတော့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျန်းမာရေးအမြင်ရှိကြတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ တချို့ mask မတက်တဲ့သူတွေကို mask တပ်ဖို့အတွက် ပေးတယ်ဆိုပြီး" ပုသိမ်ကြီးမြို့နယ်လူငယ်ရေးရာကော်မတီမှကိုသန့်စင်မောင်က Duwun ကိုပြောပါတယ်။ 

လက်ရှိမှာမန္တလေးတိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မန္တလေးခရိုင်လူငယ်ရေးရာကော်မတီတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့နဲ့ ဈေးတွေမှာ ပညာပေး ကမ်းပိန်းတွေလှုပ်ရှားဆောင်ရွက်စေခဲ့တာပါ။

မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ COVID 19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအပေါ် အထောက်အကူဖြစ်စေဖို့အတွက် ဧပြီလ ၁၁ ရက်နေ့ကစလို့ Homemade နှာခေါင်းစည်းတွေကို ဈေးတွေမှာအခမဲ့ဝေငှပေးခဲ့သလို နှစ်ခုကိုငွေကျပ်ငါးရာနဲ့ရောင်းချတာမျိုးတွေလည်းလုပ်ခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က