မီးလောင်မှုကို Level (4) အဆင့် သတ်မှတ်ခဲ့တာပါ။

မီးလောင်မှုအတွင်း ဆုံးရှုံးမှုတန်ဖိုးမှာ သိန်း(၁၀၀)ကျော် ဆုံးရှုံးခဲ့ပြီး၊ မီးသတ်သတ်ဖွဲ့ဝင် (၆)ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ပြင်ပလူနာတွေအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ 

photo- Myanmar Fire Services Department

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖေဖော်ဝါရီလ(၉)ရက်နေ့ ညပိုင်းက လျှပ်စစ်ပစ္စည်းဂိုဒေါင်တစ်ခုမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကိုတော့ Level (4) အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဂိုဒေါင်အတွင်းကို သွယ်တန်းတဲ့ လျှပ်စစ်ဓာတ်တိုင်ကနေ မီတာကိုဝင်တဲ့ လျှပ်စစ်ကြိုးအပူလွန်ကဲရာက အနီးမှာရှိတဲ့ ဂျပ်ဖာပုံးကိုကူးပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

“ မီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုးအားလုံးက (၁၃၁)သိန်း။ မီးလောင်ခဲ့တဲ့ ဂိုဒေါင် အဆောက်အအုံ၊ ပြီးတော့ (၆)ဘီးယာဉ်တစ်စီး၊ ဆိုင်ကယ် (၁၀)စီး၊ ဂိုဒေါင်ထဲမှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မီးသီး၊ မီးချောင်းတွေ အားလုံးအပါအဝင် (၁၃၁)သိန်းဆုံးရှုံးခဲ့တယ်” လို့ မန္တလေးမြို့ မီးသတ်ဦးစီးဌာနမှ တပ်ကြပ် ဦးဇော်လင်းထွန်းက Duwun ကိုပြောပါတယ်။ 

photo- Myanmar Fire Services Department

အဆိုပါမီးလောင်မှုဟာ ဖေဖော်ဝါရီလ (၉)ရက်နေ့ ည(၈)နာရီဝန်းကျင်လောက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည(၁၁)နာရီကျော်မှာ မီးလုံးဝငြိမ်းခဲ့ပြီး အချိန် (၃)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ မီးလောင်မှုကိုတော့ level(4) အဆင့် သတ်မှတ်ပြီး မီးလောင်မှုအတွင်းမှာတော့ သန္ဓေတပ်ဖွဲ့ဝင် (၁၅၀)ဦး၊အရန်တပ်ဖွဲ့ဝင် (၂၅၀)ဦးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မီးငြှိမ်းသတ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင် (၆)ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တွေရရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီးမှာ ‌ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ပိုင်ရှင်ကိုတော့ အမှုဖွင့်အရေးယူထားတာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က