ရဲစခန်းက ပြစ်မှုကျူးလွန်သူ ၄ ဦးကို (ပ)၁၁၆/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၂၆ တို့နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

မန္တလေးမြို့က သမီးရည်းစားစုံတွဲ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရမှုမှာ ကျုးလွန်သူ ၄ ဦးစလုံးကို ဖမ်းဆီးရမိခဲ့ပြီလို့ အမှတ် (၂) ရဲစခန်းကနေ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ယောကျာ်းလေးဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကိုမိုးဟိန်းကိုက ဝဲဘက်နံဘေးဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။



ဖြစ်စဉ်ကတော့ ဇွန်လ ၂၇ ရက် ည ၈ နာရီခွဲအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)ရပ်ကွက် သခင်ဖိုးလှကြီးလမ်းနဲ့စံပြလမ်းကြားနေ ကိုမိုးဟိန်းကိုဆိုသူဟာ ရည်းစားဖြစ်သူနဲ့ အတူ ဆိုင်ကယ်စီးနင်းလာခဲ့ပါတယ်။ အဲဒီနောက်၂၆ လမ်း၊ ၇၈ လမ်းနဲ့ ၇၉လမ်းအရောက် မီးနီရပ်စောင့်နေတဲ့အချိန်မှာ အနောက်ကနေ လိုက်လာတဲ့ အမည်မသိ လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

Photo -ရဲတပ်ဖွဲ့ ( သေနတ်နဲ့ပစ်ခံရမှုကြောင့်ကိုမိုးဟိန်ကိုမှာ ဝဲဘက်နံရိုးဘေးဖောက်ဝင်ဒဏ်ရာရ) 

သေနတ်နဲ့ပစ်ခတ်သူတွေထဲက ၃ ဦးကို ဒီကနေ့မနက်ပိုင်းမှာ မဟာအောင်မြေမြို့နယ်ထဲမှာ ဖမ်းဆီးရမိတာဖြစ်လို့ အမှတ် (၉) ရဲစခန်းမှာ စစ်ဆေးနေစဉ် မွန်းလွဲတစ်နာရီခန့်မှာပဲ သေနတ်နဲ့ပစ်ခဲ့သူလို့ ယူဆရသူကို စစ်ကိုင်းတိုင်း ညောင်ပင်ဝန်းနယ်မြေရဲစခန်းအပိုင် ဒီပဲယင်းကွဲကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျုးလွန်ခံရသူ ကိုမိုးဟိန်းကိုရဲ့ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတာကြောင့် ရဲစခန်းက ပြစ်မှုကျူးလွန်သူ ၄ ယောက်ကို (ပ)၁၁၆/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၂၆ တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က