အိမ်ထောင်စု (၁၂၀) စာအတွက် ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဒေါင်းဟာ မန္တလေးတိုင်း အမရပူရဘက်မှာရှိတဲ့ စားဝတ်နေရေးအခက်အခဲရှိသူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: San Yu Kyaw



ပရိသတ်အချစ်တော် မင်းသားချော ဒေါင်းကတော့ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေအတွက် ဆန်၊ ဆီ၊ ကြက်ဥ တို့ကို အိမ်ထောင်စု (၁၂၀) စာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

"ရုပ်ရှင်သရုပ်ဆောင် ဒေါင်း က COVID- 19 ကာလအတွက် အိမ်ထောင်စု (၁၂၀) စာ (တစ်အိမ်ထောင်)ကို ဆန် (၁၂) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥ အလုံး (၃၀) စီ မန္တလေး အမရပူရဘက်မှာ ဒီနေ့(ဧပြီလ ၇ ရက်) နေ့မှာ ကူညီပါတယ်။အခက်အခဲများကြားကနေ အဆင်ပြေပြေဖြစ်အောင် ကူညီခဲ့ကြတဲ့ ကိုပါတော တီခန့် ကိုညီဇော် မကြီးသဲ တို့ကို အထူးကျေးဇူးတင်ပါတယ်" ဆိုပြီးတော့ San Yu Kyaw ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: San Yu Kyaw

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။ မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံနေရသူ (၂၂) ဦးရှိပြီး သေဆုံးသူ (၂) ယောက်ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များများကလည်း COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: Daung

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်က သူ့ရဲ့ အလှဓာတ်ပုံတွေကနေတဆင့် ပရိသတ်အားပေးမှု စတင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာပါ။ နောက်ထပ်လည်း "ပုဂံမြို့သူ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ လက်တွဲပြီး အလုပ်အတူတူ လုပ်လာတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

က္က