နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ပေးခဲ့ပါတယ်။

ဝိုင်းချစ်ကတော့ လူရွှင်တော်ကြီး မန်းဝင်းရဲ့ နောက်ဆုံး ခရီးကို လိုက်ပါ ပို့ဆောင်ပေးတဲ့ အချိန်မှာ အရင်တုန်းက အမှတ်တရလေးတွေကို မျက်လုံးထဲမှာ ပြန်မြင်ယောင်လာတယ်လို့ ဆိုပါတယ်။ 

ဒီနေ့ ဇူလိုင်(၁၅) ရက်နေ့ကတော့ ပြည်သူချစ် လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် မန်းဝင်း ရဲ့ ဈာပနကို ကျီစုသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး ခရီးလေးကို သရုပ်ဆောင် လောက၊ သဘင်လောက မှ အနုပညာရှင်များစွာတို့က လည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ 



မန်းဝင်းရဲ့ နောက်ဆုံး ခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ လူရွှင်တော် ဝိုင်းချစ်ကလည်း ဦးမန်းနဲ့ အမှတ်တရတွေ ကို မြင်ယောင်နေမိတယ်လို့ ဝမ်းနည်းကြေကွဲစွာနဲ့ Duwun ကို ပြောခဲ့တာပါ။ 

“ ဦးမန်း နဲ့ အမှတ်တရကတော့ ကျွန်တော်တို့ စိန်ရတနာ အငြိမ့်အဖွဲ့မှာ ကိုငြိမ်းချမ်း အရမ်းပေါက်ခဲ့တဲ့ “ရေခဲရေ” ဆိုတဲ့ ပြက်လုံးလေးပါ။ ဒီပြက်လုံးလေးကို မောင်ဒိန်းဒေါင်က သေချာရေးပေးလိုက်တယ်။ အဲဒီမှာ ဦးမန်းရယ် ကျွန်တော်တို့ ရွှေညီအစ်ကို ငါးယောက်ရယ်ကတော့ ဒါလေးက မမေ့နိုင်စရာ အမှတ်တရလေး တစ်ခုပါ။ ဦးမန်းဝင်းရဲ့ ပြက်လုံးတွေကလည်း တကယ်ကို ပြောင်မြောက်ပါပေတယ်” လို့ ဇူလိုင် (၁၅) ရက်နေ့က မန်းဝင်းရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း ဖြေဆိုခဲ့တာပါ။ 

လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာအရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပြီး ဇူလိုင် (၁၃) ရက်နေ့က ဆုံးပါးသွားခဲ့တာပါ။ဦးမန်းဝင်းကတော့ ကွယ်လွန်ချိန်မှာ အသက်(၇၈) နှစ်ရှိပါပြီ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဝိုင်းချစ်ဟာ ရွှေညီအစ်ကို အဖွဲ့ဆိုတဲ့ အငြိမ့်အဖွဲ့ကနေ အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ အဲဒီနောက် အဖွဲ့နဲ့ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းဖြစ်စေ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ်ပိုင် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရွှေညီအစ်ကို အဖွဲ့ကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာတဲ့ လူရွှင်တော် အဖွဲ့တစ်ဖွဲ့ပါ။ ဒီအဖွဲ့မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊ ဝိုင်းချစ်၊ ရှဲဒိုးနဲ့ ထက်ထက် ဆိုတဲ့ လူရွှင်တော်တွေ ပါဝင်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က