အဆိုးရွားဆုံးရာသီအစဖြစ်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်ပြုလုပ်ရတော့မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ခံစစ်ကစားသမား ရီယိုဖာဒီနန်က ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁၉၈၉-၁၉၉၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဆိုးရွားဆုံးရာသီအစကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

0_GettyImages-1042836514.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ ဒါဘီကောင်တီအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာ ၃ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

"နည်းပြနဲ့ ကစားသမားတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထိပ်ပိုင်းအဆင့်မှာ ပြောဆိုဆွေးနွေးမှုတွေရှိနေပါတယ်"လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုကို ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ၎င်းအနေနဲ့ မန်ယူအသင်းပရိသတ်တွေရဲ့အခြေအနေ တိုးတက်လာမယ်လို့ အာမခံနိုင်မလားလို့ မေးမြန်းတဲ့အခါမှာ အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"မန်ယူပရိသတ်တွေကို ကျွန်တော် အာမခံနိုင်ပါတယ်။ ကျွန်တော် နေ့တိုင်း၊ လေ့ကျင့်ရေးတိုင်း၊ တစ်ရက်ရဲ့၂၄ နာရီစလုံး၊ ပွဲစဉ်တိုင်းမှာ ၁၀၀ ရာခိုင်နှုန်း ပေးနေတာပဲလေ။ အဲဒါကို ကျွန်တော် အာမခံနိုင်ပါတယ်"

"ပြီးတော့ နောက်ထပ် ကျွန်တော် အာမခံနိုင်တာက အင်္ဂါနေ့မှာ ကစားမယ့်ပွဲစဉ်အတွက် ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ အဲဒီကို ရောက်နေဖို့အတွက် ကျွန်တော်ဟာ အတွေ့အကြုံတွေအများကြီးရှိပြီး ရဲရင့်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီပွဲစဉ်အတွက် ကျွန်တော်တို့မှာရှိသမျှအားလုံးကို ပေးသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

 

မန်ယူအသင်းရဲ့ဂန္တဝင်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က မန်ယူအသင်းနဲ့ နည်းပြမော်ရင်ဟိုတို့ရဲ့အခြေအနေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ခင်ဗျား အခြေအနေတွေကို ဒီအတိုင်း တစ်ရာသီလုံး ဆက်သွားခိုင်းလို့မရနိုင်ဘူးလေ။ စာနယ်ဇင်းတွေထဲက စစ်ပွဲ၊ ပေါက်ကြားမှုတွေ၊ မော်ရင်ဟိုနဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့တစ်ဖက်စီဖြစ်နေတဲ့ အဝတ်လဲခန်းထဲက ကစားသမားတွေ၊ အဲဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် ဒါက အသင်းရဲ့သမိုင်းမှာ အဆိုးရွားဆုံးရာသီတွေထဲက တစ်ခုဖြစ်လာလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က