ယာယီနည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဖယ်လိုင်နီဟာ ပြီးခဲ့တဲ့ ၂၀၁၈ နွေရာသီတုန်းက ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ဇန်နဝါရီလမှာ မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုရဲ့ ယုံကြည်မှုပေးအပ်ခြင်းခံရမှုကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးနောက်မှာတော့ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့အတွက် အခြားအသင်းတွေရဲ့စိတ်ဝင်စားမှုကို လစ်လျူရှုခဲ့တာဖြစ်ပါတယ်။

ဖယ်လိုင်နီက ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့အသင်းတွေထဲမှာ ပီအက်စ်ဂျီအသင်းလည်း ပါဝင်ခဲ့ကြောင်း Telefoot နဲ့တွေ့ဆုံရာမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နွေရာသီက ကျွန်တော် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်တဲ့အခြေအနေရှိလားဆိုရင် ရှိပါတယ်”

“ပီအက်စ်ဂျီအသင်းအတွက် ကျွန်တော် ကစားပေးချင်ခဲ့လားဆိုရင် ကစားပေးချင်ခဲ့ပါတယ်”

“သောမတ်စ်တူချယ်က ကျွန်တော် လာမှာမလိုလားတဲ့သူလားဆိုရင် မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဖယ်လိုင်နီဟာ နည်းပြမော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့အတွက် ဇန်နဝါရီလမှာ တရုတ်စူပါလိဂ်အသင်းဖြစ်တဲ့ ရှန်ဒေါင်းလူနန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

“အဲဒါက ထွက်ခွာဖို့ မှန်ကန်တဲ့အချိန်လို့ ကျွန်တော် ထင်ပါတယ်”

“ကျွန်တော် အင်္ဂလန်ကို ရောက်နေခဲ့တာ ၁၀ နှစ်ခွဲလောက် ရှိပါပြီ။ ကျွန်တော် လှပတဲ့ရာသီတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ အခု ကျွန်တော် စိန်ခေါ်မှုအသစ်နဲ့ စွန့်စားခန်းအသစ်တွေကို လိုချင်ခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က