အသင်းဖော်ဟောင်း လူးကပ်စ်ပီရက်ဇ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့ခဲ့မှုအပေါ် အလက်ဆစ်ဆန်းချက်ဇ်က နောင်တရနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အီးမရိတ်စ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ရုန်းကန်နေရတဲ့ ဆန်းချက်ဇ်က မန်ယူကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နောင်တရတဲ့အကြောင်း အသင်းဖော်ဟောင်း လူးကပ်စ်ပီရက်ဇ်ကို ပြောဆိုခဲ့တယ်လို့လည်း The Daily Mirror က ဖော်ပြခဲ့ပါတယ်။

Photo : Metro.com

 

လူးကပ်စ်ပီရက်ဇ်ကတော့ လက်ရှိမှာ ဝက်စ်ဟမ်းအသင်းကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်း လန်ဒန်စတေဒီယမ်ကွင်းရဲ့ ဥမင်လှိုဏ်ခေါင်းထဲမှာ ဆန်းချက်ဇ်က သူ မန်ယူကို ပြောင်းခဲ့တဲ့အတွက် နောင်တရတယ်လို့ လူးကပ်ပီရက်ဇ်ကို ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : Evening Standard

 

ချီလီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ မန်ယူကို ရောက်ရှိလာတဲ့ ဆန်းချက်ဇ်ကို အသင်းကရော၊ ပရိသတ်တွေကပါ မျှော်လင့်ချက်ကြီးစွာနဲ့ အားကိုးခဲ့ပေမယ့် ဆန်းချက်ဇ်ဟာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo : talkSPORT

 

မန်ယူအတွက် ဒီနေ့အထိ စုစုပေါင်း (၂၃)ပွဲ ကစားပေးအပြီးမှာ ဆန်းချက်ဇ်က (၃)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာလည်း ဆန်းချက်ဇ် ပါဝင်ခဲ့ခြင်းမရှိပဲ အရန်လူစာရင်းမှာသာ ရှိခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ် ကစားသမားဟာ နည်းပြ မော်ရင်ဟိုရဲ့ ကစားကွက်နဲ့ အံဝင်ဖို့ ရုန်းကန်နေခဲ့ရပြီး ပုံမှန်ကစားခွင့် ရခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : Irish Mirror

 

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဆန်းချက်ဇ်ကို ချန်လှပ်ခဲ့ရတဲ့ အကြောင်းရင်းကို မော်ရင်ဟိုက အခုလိုပြောခဲ့ပါတယ်။ "ပြီးခဲ့တဲ့ လတွေမှာ လူတွေအားလုံးက မာရှယ်၊ မာရှယ်၊ မာရှယ်ဆိုပြီး မေးနေခဲ့ကြတယ်၊ အဲဒီအတောအတွင်းမှာပဲ ဆန်းချက်ဇ်က ကောင်းကောင်းမကစားနိုင်ဘူး လို့လည်း သူတို့ ပြောနေခဲ့ကြတာပါ၊ ဒါကြောင့် ဒီတစ်ပတ်ပွဲမှာ မာရှယ်ကို အခွင့်အရေးပေးခဲ့ပြီး ဆန်းချက်ဇ်ကို ချန်လှပ်ခဲ့တာပါ" လို့ မော်ရင်ဟိုက ရှင်းလင်းခဲ့ပါတယ်။

Share

Loading Next Article...
က္က