အခြားပရီးမီးယားလိဂ်ကြယ်ပွင့် ၃ ဦးကိုလည်း ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ၎င်းကို နည်းပြအဖြစ် ပြန်လာစေချင်တယ်ဆိုရင် ဗန်ဒိုက်၊ ဒီဂီယာ၊ ဟယ်ရီကိန်းတို့ကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ Football365 ရဲ့သတင်းအရ သိရပါတယ်။

ရီးရဲမက်ဒရစ်ဥက္ကဌပီးရက်ဇ်က မော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လၤာနေ့က ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြဟောင်း ဇီဒန်းကို ဆိုလာရီရဲ့နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟို ဘာနေဗျူးကို ပြန်လည်ရောက်ရှိလာမှာကို အသင်းရဲ့ထိပ်ပိုင်းအဖွဲ့ဝင် အများအပြားက ကန့်ကွက်ခဲ့ကြသလို ဆာဂျီယိုရာမို့စ်နဲ့ ဘန်ဇီးမားတို့ကလည်း မော်ရင်ဟိုကို ပြန်လည်မခေါ်ယူစေချင်ဘူးလို့ သိရပါတယ်။

El Chiringuito ရဲ့သတင်းအရ မော်ရင်ဟိုဟာ ၎င်းအနေနဲ့ အသင်းကို အပြည့်အဝထိန်းချုပ်ခွင့်ပေးပြီး လာမယ့်နွေရာသီမှာ အသင်းလူစာရင်းကို အသစ်ကနေ ပြန်လည်တည်ဆောက်ဖို့ ခွင့်ပြုမှသာ ပြန်လာနိုင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုက ရီးရဲမက်ဒရစ်အသင်းဘုတ်အဖွဲ့ကို ခေါ်ယူလိုတဲ့ကစားသမား ၄ ဦးစာရင်းကို အဆိုပြုခဲ့ပြီး ခေါ်ယူလိုတဲ့ကစားသမားတွေဟာ ဗန်ဒိုက်၊ ဒီဂီယာ၊ ဟယ်ရီကိန်းနဲ့ အဲရစ်ဆင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က