၂၀၂၀ နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

မန်ယူအသင်းက ဒီဂီယာ တောင်းဆိုထားတဲ့ အနည်းဆုံး ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ် ကမ်းလှမ်းပေးဖို့သာ ကျန်တော့တာပါ။

Daily Mail ရဲ့ ဖော်ပြချက်အရ မန်ယူအသင်း ဂိုးသမား ဒီဂီယာအနေနဲ့ မန်ယူမှာသာ ဆက်နေဖို့ဆုံးဖြတ်လိုက်ပြီ လို့ သိရပါတယ်။ ဒီဂီယာအနေနဲ့ မန်ယူမှာ ကာလရှည်ဆက်နေဖို့ ဆုံးဖြတ်ထားပြီလို့ သိရပေမယ့် သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ မန်ဒက်စ်က တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ အထိ ရနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ ဈေးကွက်မှာ ချဲလ်ဆီးက ကော်တိုရစ် ရီးရဲကို ပြောင်းရွှေ့သွားပြီးနောက် ဒီဂီယာ စပိန် ပြန်မယ့် လမ်းစကလည်း မှေးမှိန်သွားခဲ့တာပါ။

လာမယ့်နှစ်မှာ ဝါရင့်ဂိုးသမား ဘူဖွန်နေရာမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကိုလည်း ဒီဂီယာက ငြင်းဆိုထားပါတယ်။ နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေရ အီတလီကိုသွားဖို့ များနေတယ်လို့ သိရပြီး အီတလီ ချန်ပီယံ ဂျူဗင်တပ်အသင်းကလည်း အာဆင်နယ်မှ ရမ်ဆေးနဲ့ ရော်နယ်ဒိုတို့ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် နောက်ထပ် ထိပ်တန်းကစားသမားခေါ်ယူဖို့ ရာခိုင်နှုန်းနည်းနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူအနေနဲ့ ဒီဂီယာအတွက် ပျော်ရွှင်စေမယ့် ကမ်းလှမ်းမှုတစ်ရပ်အဖြစ် အနည်းဆုံး လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ပေးဖို့လိုနေပါပြီ။ ဒီဂီယာဟာ ၂၀၂၀ နွေရာသီမှာ မန်ယူနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ အသင်းသစ်တစ်သင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိနေသူပါ။

ဒါကြောင့် မန်ယူအသင်း ဂိုးသမား ဒီဂီယာကို သူတောင်းဆိုထားတဲ့ အနည်းဆုံး လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ် ကမ်းလှမ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Share

Loading Next Article...
က္က