၁၀ မှတ်ကွာဟနေပေမယ့် အချိန်မရွေးနီးကပ်လာနိုင်ကြောင်း ပြောခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်ဖလားအတွက် လက်ရှိအချိန်အထိ မန်စီးတီးနဲ့လီဗာပူးတို့ ၂ ကောင်တည်းပြေးတဲ့ပြိုင်ပွဲဖြစ်နေသေးပေမယ့် ချယ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာလည်း ဆုဖလားကို ရယူနိုင်တဲ့အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့အတွက် မန်ချက်စတာစီးတီးအသင်းနဲ့ အမှတ်ကွာဟချက် ၃ မှတ်သာ ရှိတော့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ဖွယ် ရှိနေပါတယ်။



တော့တင်ဟမ်ဟော့စပါးအသင်းကတော့ လီဗာပူးအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ၂၀၁၈-၂၀၁၉ ရာသီအတွက် လီဗာပူးနဲ့ မန်စီးတီးအသင်း ၂ သင်းထဲက တစ်သင်း ချန်ပီယံဖြစ်လိမ့်မယ်လို့ အများစုက ရှုမြင်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာက ယင်းအမြင်ကို အပြည့်အဝသဘောမတူညီခဲ့ဘဲ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ၁၂ မှတ်နဲ့ ၁၄ မှတ်အသီးသီး ကွာဟနေမှုကို လျှော့ချပြီး ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်တဲ့အခြေအနေမှာရှိကြောင်း ပြောကြားခဲ့ပါတယ်။

“သုံးရက် ဒါမှမဟုတ် လေးရက်အလိုလောက်ကတည်းက ကျွန်တော်တို့ ပြီးသွားခဲ့ပြီးသားပါ”

“ချန်ပီယံက လီဗာပူးဖြစ်ခဲ့ပြီး အခု ကျွန်တော်တို့ ဦးဆောင်နိုင်နေပါပြီ။ ကျွန်တော်တို့ စိတ်အေးအေးထားဖို့ ကြိုးစားရမှာပါ။ ပရီးမီးယားလိဂ်မှာ အံ့အားသင့်စရာတွေ ရှိလာနိုင်ပြီး အသင်းတွေအတွက် ပွဲစဉ်အားလုံးကို အနိုင်ရရှိဖို့အတွက် ခက်ခဲပါလိမ့်မယ်”

“ဆုဖလားအတွက် စိန်ခေါ်နိုင်စွမ်းမရှိတဲ့အသင်းတွေကလည်း ပြဿနာကို ဖန်တီးနိုင်ပါတယ်။ ကျွန်တော် ပိုပြီး စိတ်ပူပင်ရတဲ့အကြောင်းက ကျွန်တော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ လုပ်စရာရှိတာကို လုပ်ရမယ်ဆိုတာကို မေ့လျော့သွားမှာကိုပါ။ အဲဒီနောက်မှာ ကျွန်တော်တို့ ရလဒ်ကို မြင်တွေ့ရမယ်။ အမှတ်ပေးဇယားကို မြင်တွေ့ရမယ်”

“စပါးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရောက်မနေနိုင်ဘူးလို့ ကျွန်တော် ဘယ်တော့မှမပြောပါဘူး။ ချယ်ဆီးကိုလည်း မပြောပါဘူး။ ယူနိုက်တက်ကလည်း အပတ်တိုင်း နိုင်ပွဲဆက်နေပြီး သူတို့လည်း အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်လာနိုင်ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က