မန်ယူအသင်း ဒု-ဥက္ကဌ အက်ဒ်ဝုဒ်ဝက်ကတော့ စပါးနည်းပြ ပိုချက်တီနိုကို ဦးစားပေးရွေးချယ်မှုအနေနဲ့ စဉ်းစားထားပါတယ်..

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြရာထူးအတွက်လျာထားစာရင်းမှာ မထင်မရှား နည်းပြတစ်ဦးအံ့အားသင့်ဖွယ်ပါဝင်နေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းရဲ့ လျာထားစာရင်းမှာ လက်ရှိယာယီနည်းပြ ဆိုးလ်ရှားအပါအဝင် နည်းပြငါးဦးပါဝင်တယ်လို့ သတင်းတွေအရသိရပါတယ်။

မန်ယူအသင်းကတော့ လက်ရှိယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ရလဒ်တွေကောင်းနေပေမယ့် ရာသီကုန်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ရှာဖွေနေဆဲပါ။ အင်္ဂလန်မီဒီယာတွေကတော့ မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြရာထူးအတွက်လျာထားစာရင်းကို စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ကြရာမှာတော့ သြစတြီးယားကလပ်အသင်းနည်းပြ မာကိုရို့စ် ပါဝင်နေတာကိုတွေ့ရပါတယ်။ သြစတြီးယားကလပ် ရက်ဘူးလ်ဆာလ်ဘက်သင်းရဲ့ဂျာမနီလူမျိုးနည်းပြ မာကိုရို့စ်ဟာ ၂၀၁၇ ဘောလုံးရာသီကတည်းက ရက်ဘူးလ်အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ၉၁ပွဲမှာ ၆၄ပွဲနိုင်၊ ၂၁ပွဲသရေ၊ ၆ပွဲရှုံးရလဒ်ရရှိထားပြီး အနိုင်ရာခိုင်နှုန်း ၇၀.၃၃ရာခိုင်နှုန်းအထိရယူပေးနိုင်တဲ့ နည်းပြတစ်ဦးပါ။

မန်ယူအသင်း ဒု-ဥက္ကဌ အက်ဒ်ဝုဒ်ဝက်ကတော့ စပါးနည်းပြ ပိုချက်တီနိုကို ဦးစားပေးရွေးချယ်မှုအနေနဲ့ စဉ်းစားထားပေမယ့် ငြင်းဆန်ခဲ့မယ်ဆိုရင် အရန်အနေနဲ့ နည်းပြ လေးဦးကို လျာထားတယ်လို့သိရပါတယ်။ ဝုဒ်ဝက်ဟာ ၂၀၁၆ဘောလုံးရာသီကတည်းက ပိုချက်တီနိုကို စိတ်ဝင်စားခဲ့ပေမယ့် စပါးနဲ့စာချုပ်သက်တမ်းတိုးခဲ့လို့ မော်ရင်ဟိုကို ရွေးချယ်ခဲ့ရတာပါ။ မန်ယူဒု-ဥက္ကဌ ဝုဒ်ဝက်ရဲ့လျာထားစာရင်းမှာ ဇီဒန်း၊ လောရင့်ဘလန့်တို့လည်း ပါဝင်နေတယ်လို့သိရပါတယ်။

အသက် ၄၂နှစ်အရွယ် မာကိုရို့စ်ဟာ ရက်ဘူးလ်အသင်းနဲ့ပထမဆုံးရာသီမှာ ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ယူရိုပါလိဂ်မှာလည်း ဆိုစီဒက်၊ ဒေါ့မွန်၊ လာဇီယို အစရှိတဲ့ အသင်းကြီးတွေကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ် ယူရိုပါလိဂ်မှာလည်း ဆဲလ်တစ်၊ ရိုဆင်ဘာ့ဂ်၊ လိုက်ဇစ်ပ်၊ အသင်းတွေနဲ့တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်တိုင်းအနိုင်ရကာ ၃၂သင်းအဆင့်တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

 

Share

Loading Next Article...
က္က