နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပုံစံကောင်းပြန်လည်ပြသမယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက် ပထမဆုံးအကြိမ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားက ပရိသတ်တွေကို နှစ်သိမ့်ဖို့အတွက် ကတိကဝတ်ပြုခဲ့ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားက နိုင်ငံတကာအားလပ်ရက်အပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလိမ့်မယ်လို့ ပရိသတ်တွေကို ကတိပြုခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့က အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မှာ ဝုဗ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ယာယီနည်းပြဆိုးလ်ရှားလက်ထက်မှာ ပထမဆုံးအကြိမ် ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ တွေ့ကြံခဲ့ရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယမန်နေ့က ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဝုဗ်နဲ့ပွဲစဉ်က ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ယာယီနည်းပြဆိုးလ်ရှားကို သတင်းထောက်က ပရိသတ်တွေအတွက် သတင်းစကားရှိလားလို့ မေးမြန်းခဲ့ရာမှာ အခုလို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

“နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် သွားဖို့ အဆင်သင့်ဖြစ်နေမှာပါ”

“မန်ယူနိုက်တက်ဟာ ဧပြီနဲ့ မေလမှာ အမြဲတမ်း အကောင်းဆုံးပုံစံကို ရှာတွေ့နေကျဖြစ်ပြီး ဒီအတွက် စိန်ခေါ်မှုတွေကို ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်းအတွက်ရောပေါ့။ ကျွန်တော်တို့အနေနဲ့ မျှော်လင့်နိုင်ဖို့ ညွှန်ပြစရာအရာတွေအများကြီးရှိပါတယ်”

“ကစားသမားတွေလား။ သူတို့ရဲ့ခံယူချက်နဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့တွေ ပြန်လာတဲ့အချိန်ကျရင် ကျွန်တော်တို့ အံ့အားသင့်ဖွယ်အရာတွေကို ပေးသွားမှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က