မိုဘိုင်းအင်တာနက်တွေကိုလည်း ယခင်ကထက် လျော့သုံးလာကြပါတယ်။

ဆက်သွယ်ရေး အော်ပရေတာအားလုံးက မိုဘိုင်းအင်တာနက် Package စျေးနှုန်းတွေကို ယခင်သတ်မှတ်ထားတဲ့စျေးထက် နှစ်ဆ နီးပါးတိုးမြှင့်ပြီး ကောက်ခံလာတဲ့ အခါမှာ ပြည်သူတွေအနေနဲ့ ကလည်း အင်တာနက်သုံးစွဲမှုကို ယခင်ကထက်လျော့ပြီးသုံးစွဲလာကြသလို အလုပ်အကိုင်တွေလည်းပိုမိုခက်ခဲလာကြပါတယ်။

အလုပ်အကိုင်တွေ ရှားပါးပြီး ဝင်ငွေရှားပါးနေတဲ့အခါမျိုးမှာ အခုလို mobile data စျေးနှုန်းတွေကို တိုးမြှင့်လိုက်တာက လက်ရှိ ရှိနေတဲ့ အလုပ်ကိုတောင် အဆင်မပြေမှုတွေဖြစ်စေတယ်လို့ online shop လုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

“ အမက အရင်က ရုံးဝန်ထမ်း။ ကိုဗစ်ကာလကည်းက အလုပ်ကနားလိုက်ရတော့ ဘာအလုပ်လုပ်ရမလဲစဉ်းစားရင်းနဲ့ အခု online shop အလုပ်ကို လုပ်ဖြစ်ခဲ့တာ။ online shop ဆိုတော့ သိတဲ့တိုင်းပဲလေ customer တွေမေးမြန်းဝယ်ယူမှုကို အချိန်မီပြန်ပြောနိုင်အောင် လိုင်းအမြဲဖွင့်ထားရတယ်။ ပစ္စည်းတွေကိုလည်း post တင်ရတယ်ဆိုတော့အင်တာနက်ကိုပဲ အားပြုပြီးလုပ်ရတဲ့အလုပ်ပေါ့။ ဒါတောင် ဒီကာလဆိုတော့ အလုပ်က အရမ်းဖြစ်တယ်လည်းမဟုတ်ဘူး။ ဝင်ငွေလေးတစ်ခုရှိတယ်ဆိုရုံလောက်ပဲ။ ခု အင်တာနက်စျေးတွေတိုးမြှင့်လိုက်တော့ အရင်လောက်လည်း လိုင်းမဖွင့်ထားမိတော့ဘူး။ လိုအပ်မှပဲ လိုင်းပေါ်တက်တာကိုလုပ်တော့တယ်” လို့ ဆိုပါတယ်။

ပြည်သူလူထုမှာ ကိုဗစ်ကာလကတည်းကစလို့ ယနေ့ထိအလုပ်အကိုင်ရှားပါးမှု ပြဿနာတွေနဲ့အတူ ယခုနှစ်အတွင်းမှာ ကုန်စျေးနှုန်းးမြင့်တက်မှုတွေကြားမှာ ကြိုးစားရုန်းကန်လှုပ်ရှားနေရတာပါ။

ဒီလိုအချိန်မှာmobile data စျေးနှုန်းတွေကို တိုးမြှင့်ကောက်ခံလိုက်တာကလည်း မိုဘိုင်းအင်တာနက်ကိုအားကိုးနေရတဲ့ လုပ်ငန်းတွေမှာ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပိုမို ခက်ခဲလာကြပါတယ်။

သာမန် mobile data သုံးစွဲတဲ့သူတွေအနေနဲ့ကတော့လျှောာ့ပြီးသုံးစွဲလို့ရနေပေမယ့်လည်း အင်တာနက်ကိုအသုံးပြုပြီး အလုပ်လုပ်နေကြရတဲ့သူတွေအတွက်ကြတော့ အလုပ်ကိုပါ ထိခိုက်လာတာပါ။

Grab Taxi ပြေးဆွဲတဲ့ ယာဉ်မောင်းတစ်ဦးကလည်း အင်တာနက်စျေးနှုန်းတွေ တိုးမြှင့်ကောက်ခံလာပြီးနောက် အရင်လို အင်တာနက်ကို အချိန်ပြည့်ဖွင့်ပြီး Grab လမ်းကြောင်းတွေကို မပြေးဆွဲတော့ဘူးလို့ ဆိုပါတယ်။

“ Grab လမ်းကြောင်းတွေကို ပို့ဆောင်ရတဲ့အခါ တစ်လျှောက်လုံးက လိုင်းဖွင့်ထားရတာလေ။ အရင်လို taxiစီးတဲ့သူတွေပေါလို့ တစ်နေ့တစ်နေ့ပိုက်ဆံများများဝင်ရင်လည်းတစ်မျိုးပေါ့။ အခုက အုံနာကားတွေဆို အုံနာခရအောင်တောင် မနည်းဆွဲနေရတာ။ ဆီးစျေးတွေတက်တုန်းကလည်း တစ်ဒုက္ခ၊ ဒါတောင်ခုဆီစျေးကလည်း ကျတယ်မဟုတ်သေးပါဘူး။ အခု အင်တာနက်စျေးတွေပါတက်​တော့ grab လမ်းကြောင်းထက် လက်တားဆီးတဲ့ခရီးသည်မျိုးပဲပို့ဆောင်တယ်။ အင်တာနက်ပိတ်ထားတော့ grab ကလည်း ဧည့်သည်မတက်ဘူး”လို့ Taxi ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

အင်တာနက်အသုံးပြုပြီး အလုပ်လုပ်ရတဲ့ ရုံးဝန်ထမ်းတွေအနေနဲ့ကလည်း ယခင်က တစ်ပတ်ကို အင်တာနက် ဖုန်းဘေဖိုး ၅၀၀၀ ကုန်တယ်ဆို ယခုဆိုရင် နှစ်ဆနီးပါးကုန်ကျနေပါပြီ။

“ ကျွန်တော်တို့ကအခု ရုံးကိုအလှည့်ကျတက်နေကြရတာ။ တစ်ခါတစ်လေ ရုံးမှာလုပ်စရာမလိုပဲ အိမ်ကနေပဲ လုပ်လို့ရတဲ့ အလုပ်တွေမျိုးဆိုရင်လည်း အိမ်မှာပဲ နှစ်ပတ်လောက်ဆက်ပြီးလုပ်ရတာတွေရှိတယ်။ အိမ်ကလုပ်ရတဲ့ အပတ်တွေဆိုရင် ရုံးက တစ်ပတ်ကို ဖုန်းဘေ (၅၀၀၀)ပေးတယ်။ အဲဒီ (၅၀၀၀)နဲ့ပဲ တစ်ပတ်လုံးရုံးအလုပ်လုပ်တာတောင် အလုပ်ပါးတဲ့အခါဆို မကုန်ဘူး။ ဖုန်းဆက်ရတယ် ဖိုင်တွေထုတ်ရတာ ၊ mailတွေပို့ရတာပေါ့။ အခု အင်တာနက်အသုံးပြုရတာများရင် ရုံးကပေးတဲ့ (၅၀၀၀)က မလောက်လောက်ဘူး။ ဝန်ထမ်းတွေ ရုံးကို ဒီအကြောင်းစုပြီးပြောထားတာတော့ရှိတယ်။ ရုံးကနေပဲ ဘေဖိုးတိုးပေးမလား။ အားလုံးပဲရုံးပြန်တက်ရမလားဆိုတာတော့ မသိသေးဘူး” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

ဆက်သွယ်ရေး အော်ပရေတာတွေအားလုံးက အင်တာနက် package စျေးနှုန်းတွေကို ဒီဇင်ဘာလ (၈)ရက်နေ့ကစပြီး တိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပါတယ်။ 

စျေးနှုန်းတွေကိုတော့ နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပြီး လက်ရှိပြောင်းလဲသတ်မှတ်ထားတဲ့ စျေးနှုန်းတွေအရ Telenor နဲ့ Ooredoo အင်တာနက်ပက်ခ်ကေ့ စျေးနှုန်းမှာ 1GB ကို ၁၉၉၀ ကျပ် ၊ MPT ကလည်း 935 mb ကို ၁၇၉၉ ကျပ်အထိမြှင့်တက်သွားပြီး Mytel ကလည်း 512 mb ကို ၉၆၈ ကျပ်အထိ မြင့်တက်သွားတာဖြစ်ပါတယ်။


Share

က္က