တယ်လီနောအက်ပလီကေးရှင်းကနေတစ်ဆင့် အလုပ်အကိုင်ရှာဖွေနိုင်ပါပြီ။

 မြန်မာတစ်နိုင်ငံလုံးက အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ MyJobs နဲ့ တယ်လီနောကုမ္ပဏီတို့ လက်တွဲပူးပေါင်းပြီး မိုဘိုင်းဖုန်းပေါ်ကနေ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင်မယ့် ဒစ်ဂျစ်တယ် အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု “Find.Job” ကို နိုဝင်ဘာလမှာ စတင်မိတ်ဆက်လိုက်ပါတယ်။ တယ်လီနောကိုင်ဆောင်သူတွေဟာ တယ်လီနောအက်ပလီကေးရှင်းကနေတစ်ဆင့် တစ်နိုင်ငံလုံးက အလုပ်အကိုင်တွေကို လွယ်လင့်တကူရှာဖွေနိုင်သလို အလွယ်တကူလျှောက်ထားလို့ ရနိုင်အောင် လုပ်ထားတာလို့ သိရပါတယ်။



အခုလိုခေတ်အခါမျိုး လူတွေက အိမ်ထဲမှာပဲ နေနေကြရတာဆိုတော့ ဖုန်းထဲကနေ လွယ်လင့်တကူ အလုပ်အကိုင်ရှာဖွေလို့ရအောင်၊ ပြီးတော့  မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်တွေအပြင် တချို့က mobilization ဖြစ်တဲ့ အွန်လိုင်းကနေ အလုပ်လုပ်လို့ရတဲ့ အလုပ်အကိုင်တွေကိုလည်း တစ်နေရာတည်း တချိန်တည်းမှာ အလုပ်အားလုံးကို လွယ်လင့်တကူလျှောက်လို့ရအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။  ၂၀၂၁ မတ်လကနေ စတင်ပြီး တွဲဖက်ပူးပေါင်းဖို့ စတင်ခဲ့တာဖြစ်ပြီး ကိုဗစ်ကာလလည်းဖြစ်တဲ့အတွက်ကြောင့် လူတွေက အိမ်ထဲက အိမ်ပြင်ထွက်ဖို့ ခက်ခဲလာတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုပူးပေါင်းလုပ်ဆောင်ဖို့ အကြံရခဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။” လို့   My Job ရဲ့ Chief Sale Officer ဒေါ်မြသန္တာဦးက တယ်လီနောနဲ့ လက်တွဲပူးပေါင်းဖြစ်တဲ့ အကြောင်းကို ခုလိုပြောပြလာပါတယ်။ 

www.telenor.com

အလုပ်အကိုင်ရှာဖွေလိုသူတွေ၊ အလုပ်အကိုင်သစ်တွေ ကူးပြောင်းလိုသူတွေအတွက် တစ်နိုင်ငံလုံးက ခေါ်ဆိုနေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို Find.Job ကဏ္ဍမှာ မြန်မာ သို့မဟုတ် အင်္ဂလိပ် ဘာသာစကား နှစ်ခုစလုံးနဲ့ မြင်တွေ့နိုင်မှာပါ။ 

တယ်လီနောဆင်းမ်ကဒ်အသုံးပြုသူတွေအနေနဲ့ အလုပ်အကိုင်တွေကို အလွယ်တကူရှာဖွေနိုင်ဖို့ My Telenor app ကို ဒေါင်းလုတ်ဆွဲပြီး အလွယ်တကူရှာဖွေနိုင်ကြောင်းကို ဒေါ်မြသန္တာဦးက ခုလို ထပ်မံရှင်းပြပါတယ်။ 

“Telenor user  ၊ တယ်လီနောဖုန်းနံပါတ်သုံးတဲ့သူသည် အဲဒီမှာ find.job ဆိုတဲ့  pattern လေးကို တွေ့ပါလိမ့်မယ်။ အဲဒီ pattern ကို click လိုက်တာနဲ့ Myjobs နဲ့ တယ်လီနောပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်အကိုင်တွေ အားလုံးကို ရှာဖွေတွေ့ရှိမယ်။ အဲဒီမှာ job က နှစ်မျိုးရှိမယ်၊ တစ်မျိုးက တယ်လီနောကုမ္ပဏီကနေပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေအကုန်လုံးကို တစ်နေရာတည်းမှာ တင်ထားပါတယ်။ OTHER JOBS ဆိုတဲ့နေရာမှာ myjobs ရဲ့  web portal ပေါ်မှာရှိတဲ့   client တွေအကုန်လုံးရဲ့ အလုပ်တွေရှိနေတာဖြစ်တဲ့အတွက် လူတစ်ယောက်က telenor user  ဖြစ်တယ်ဆိုရင် တစ်နေရာတည်းမှာပဲ  မြန်မာနိုင်ငံထဲမှာရှိတဲ့ အလုပ်တွေ အကုန်လုံးကို တစ်နေရာတည်း တစ်ချိန်တည်းမှာ ရှာဖွေလို့ရပါတယ်။”

တယ်လီနော နဲ့ Myjobs ပူးပေါင်းလက်တွဲမှုကနေ တယ်လီနောအသုံးပြုသူတွေအတွက် မြန်မာတစ်နိုင်ငံလုံးက အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေလျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က