အေဘရာမိုဗစ်ချ်ရဲ့ ဗြိတိန်ကပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းယူထားတာပါ။

လန်ဒန်မြို့မှာရှိတဲ့ ချဲလ်ဆီးပိုင်ရှင် သူဌေး အေဘရာမိုဗစ်ချ်ရဲ့ ပေါင်သန်း (၁၅၀) တန် နေအိမ်ကို ယူကရိန်းကနေ ဗြိတိန်ကို ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အသုံးပြုခွင့်ပေးသွားဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒီကိစ္စကိုတော့ ဗြိတိန်အစိုးရက ဦးစီးဦးဆောင်ပြုလုပ်ပြီး စီစဥ်နေတာဖြစ်ပါတယ်။



အစိုးရသတင်းရင်းမြစ်တွေရဲ့အဆိုအရ ရုရှားရဲ့ကျူးကျော်စစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ယူကရိန်းပြည်သူတွေကို ဗြိတိန်ဒေသတွင်းရှိ ရုရှားသူဌေးတွေရဲ့ နေအိမ်တွေမှာ နေရာချထားပေးဖို့ အတွင်းရေးမှူး မိုက်ကယ်ဂို့ဗ်က ပြောကြားခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ကို ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က မကြာခင်ရက်ပိုင်းအတွင်းကပဲ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တာပါ။

အသက် (၅၅) နှစ်အရွယ် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ဗြိတိန်အစိုးရက ထိန်းချုပ်ထားပြီး အေဘရာမိုဗစ်ချ်အရောင်းတင်ထားတဲ့ အိပ်ခန်း (၁၅) ခန်းပါ ပေါင်သန်း (၁၅၀) တန်တဲ့ Kensington Palace Garden နေအိမ်ကြီးကိုလည်း ဗြိတိန်အစိုးရက ထိန်းချုပ်ထားပါတယ်။ အဆင့် (၂) အဖြစ် သတ်မှတ်ခံထားရတဲ့ အဆိုပါနေအိမ်ကြီးကိုလည်း ဗြိတိန်အခြေစိုက် ရုရှားသံရုံးအဖြစ် အသုံးပြုခဲ့ဖူးပါတယ်။

ဒါ့အပြင် အေဘရာမိုဗစ်ချ်ပိုင် ပေါင်သန်း (၃၀) ဝန်းကျင်တန်ကြေးရှိပြီး အထပ်ပေါင်း (၃၇) ထပ်ပါ Chelsea Waterfront အဆောက်အအုံကိုလည်း ဗြိတိန်အစိုးရက သိမ်းဆည်းထားပါတယ်။ နောက်ထပ်ပိုင်ဆိုင်မှုတခုအဖြစ် Eaton Square မှာရှိတဲ့ ပေါင် (၂၈) သန်းတန် (၆) ထပ် အဆောက်အအုံကလည်း အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုကနေ ဗြိတိန်အစိုးရပိုင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့ဟာ ယူကရိန်းဒုက္ခသည် (၁၅) သန်းကို လက်ခံသွားဖို့ ပြင်ဆင်ထားပြီး အေဘရာမိုဗစ်ချ်ပိုင် အဆောက်အအုံတွေမှာလည်း နေရာချထားပေးဖို့ ပြင်ဆင်နေပါတယ်။ အေဘရာမိုဗစ်ချ်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ အခက်အခဲတွေကြောင့် အကျိုးအမြတ်စိုးစဥ်းမျှ မရဘဲ လက်လွှတ်ခံသွားဖို့အတွက်ပါ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က