အရန်ခုံတန်းဆီကို ဝမ်းနည်းကြေကွဲနေတဲ့ပုံစံနဲ့ လျှောက်လှမ်းလာတဲ့ မိုဒရစ်အတွက် လက်ခုပ်တီး ဂုဏ်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လူကာ မိုဒရစ်ဟာ ၎င်းရဲ့မျိုးဆက်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂါနေ့ညက ကွင်းထဲကနေ ထွက်ခွာချိန်မှာ ခရိုအေးရှားပရိသတ်တွေအပြင် အာဂျင်တီးနားပရိသတ်တွေကပါ မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုပေးခြင်းကို ခံခဲ့ရပါတယ်။

အသက် ၃၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ခရိုအေးရှားအတွက် ၂၀၀၆ ခုနှစ်တုန်းက အာဂျင်တီးနားနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးပြီးနောက် ပွဲပေါင်း ၁၆၀ ပါဝင်ကစားပေးထားသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ အနားယူဦးမှာမဟုတ်သေးဘူးလို့ ပြောကြားခဲ့သူဖြစ်ပါတယ်။ "ဟင့်အင်း။ ကျွန်တော် လက်ရွေးစင်အသင်းကို စွန့်ခွာမှာမဟုတ်ပါဘူး။ ကျွန်တေ်ာ အရမ်းကို ကြံ့ခိုင်နေတယ်။ အရမ်းကောင်းနေတယ်လို့ ခံစားရတယ်"

"ကျွန်တော် ဒီမှာ နေနိုင်တဲ့အထိ ဆက်နေသွားမှာပါ။ အနားယူဖို့ အကြောင်းအရင်းမရှိပါဘူး။ အဲဒါက ကျွန်တော့်ရဲ့ရွေးချယ်မှုပါ။ လူတွေက ကျွန်တော် လက်ရွေးစင်အသင်းကို စွန့်ခွာပြီး ကလပ်အသင်းအပေါ်မှာပဲ အာရုံစိုက်သင့်တယ်လို့ ပြောကြတယ်။ ကျွန်တော် သဘောမတူပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မိုဒရစ်ဟာ အင်္ဂါနေ့ညက အာဂျင်တီးနားကို ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းထဲကနေ ထွက်ခွာချိန်မှာ လူဆေးလ်ကွင်းကြီးတစ်ကွင်းလုံးရဲ့ ကြက်သီးထဖွယ် မတ်တပ်ရပ်ဂုဏ်ပြုပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။



ပွဲတာဝန်ရှိသူတွေက လူစားလဲတဲ့ ဆိုင်းဘုတ်ကို ကိုင်မြှောက်လိုက်ပြီးတာနဲ့ များပြားလှတဲ့ပရိသတ်အုပ်ကြီးက အရန်ခုံတန်းဆီကို ဝမ်းနည်းကြေကွဲနေတဲ့ပုံစံနဲ့ လျှောက်လှမ်းလာတဲ့ မိုဒရစ်အတွက် လက်ခုပ်တီး ဂုဏ်ပြုပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လော်ဗရို မေယာဟာ ခရိုအေးရှားအသင်းခေါင်းဆောင်ရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပရိသတ်အများအပြားက ၂၀၁၈ ဘလွန်ဒေါဆုရှင်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

"မိုဒရစ်က အနိုင်ရရင် သူက ကိုယ်ချင်းစာကြောင်း ထုတ်ဖော်ပြသတဲ့ပထမဆုံးသူပါ။ မိုဒရစ် ရှုံးနိမ့်ခဲ့ရင် သူက ဂုဏ်ပြုရမယ့် ပထမဆုံးသူပါ။ အဆင့်အတန်းရှိတဲ့ လုပ်ရပ်တစ်ခုပါ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခရိုအေးရှားအတွက် မိုဒရစ်လုပ်ပေးခဲ့တာတွေက မယုံနိုင်စရာပဲ။ အဲဒါက တစ်ယောက်တည်း စွမ်းဆောင်ရည်မဟုတ်ပေမယ့်လည်း သူ့ရဲ့ ဦးဆောင်မှုနဲ့ စွမ်းဆောင်ရည်က သူတို့ကို ၂၀၁၈ ဗိုလ်လုပွဲနဲ့ ဒီ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် လှုံ့ဆော်ပေးခဲ့တာပါ။ လူဦးရေ ၄ သန်းနဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ မိုဒရစ်ရဲ့ ကွင်းလယ်ပါရမီက စောင့်ကြည့်ရတာ ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က