မန်စီးတီးနောက်ခံလူ လာပေါ့တ်ဟာ မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဝေဖန်စရာလုပ်ရပ်တခုကို ကျူးလွန်ခဲ့ပါတယ်။ ပွဲကစားချိန် အစောပိုင်းမှာတင် ဒီဘရိုင်းကို ကက်စမဲရိုးပြစ်ဒဏ်ကျူးလွန်တဲ့အပေါ် မန်စီးတီး ကစားသမားတွေ ဝိုင်းဝန်းစောဒကတက်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ မိုဒရစ်ဟာ မန်စီးတီးကစားသမားတွေ စောဒကတက်နေတဲ့နားကို ရောက်လာခဲ့ပြီး လာပေါ့တ်ရဲ့လက်ကို စတင်ဆွဲခဲ့ပါတယ်။ အဲ့ဒီကစလို့ တင်းမာမှုဖြစ်ပွားခဲ့ပြီး လာပေါ့တ်က မိုဒရစ်ရဲ့မျက်နှာကို ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လာပေါ့တ်ကတော့ သူပဲရိုက်၊ သူပဲလှဲချသွားခဲ့တာပါ။
ရှုပ်ထွေးနေတဲ့ကြားထဲမှာဖြစ်သွားတာကြောင့်လည်း လာပေါ့တ် အနီကတ်မထိခဲ့တာလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ကွင်းလယ်ဒိုင်လူကြီးကတော့ ဒီဖြစ်ရပ်မှာ လာပေါ့တ်တယောက်တည်းကို အရေးမယူခဲ့ဘဲ မိုဒရစ်ကိုရော၊ လာပေါ့တ်ကိုပါ အဝါကတ်ပြသခဲ့ပါတယ်။
ဒါပေမယ့်လည်း အီတလီလူမျိုး ကွင်းလယ်ဒိုင်က VAR ရဲ့ဆုံးဖြတ်ချက်ကို နားထောင်ပြီးမှ အနီကတ်မပြသင့်ဘူးဆိုတဲ့ အကြာင်းကြောင့် နှစ်ယောက်လုံးကို အဝါကတ်သာ ပြသခဲ့တာပါ။ ဒါ့အပြင် ဒီပွဲရဲ့ အချိန်ပိုမှာ ရီးရဲလ်မက်ဒရစ်အတွက် ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင် အော်ဆာတိုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။
ဘန်ဇီမာတယောက် ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲချက်တွေရှိနေပြီး မက်ဆီကလည်း ဒီပင်နယ်တီမရသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ အဂွေရိုက ပြန်လည်ဖွင့်ဟခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ပွဲချိန်ပြည့် ဦးဆောင်ထားပြီးမှ နောက်ဆုံးမိနစ်တွေမှာ နှစ်ဂိုးပြန်ပေးလိုက်ရတာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာတော့ ဘန်ဇီမာရဲ့ ပင်နယ်တီရရှိခဲ့ပြီး အချိန်ပိုပြီးဆုံးဖို့ (၁၀) စက္ကန့်အလိုမှာတင် ပွဲသိမ်းခရာမှုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်အပေါ် မန်စီးတီးပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒါ့အပြင် မိနစ် (၁၂၀) ပြည့်လို့ နာကျင်အချိန်ပို ပေးချိန်မှာလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ကစားသမားတွေက စတုတ္ထဒိုင်လူကြီးအပေါ် အပြင်းအထန် စောဒကတက်ခဲ့သေးတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။